Sixth Sense: B-Side 식스센스: B사이드 FHD

Sixth Sense: B-Side 식스센스: B사이드

Comedy FHD 2026-09-13 5.8

အစားတစ်လိုင်း ပရိသတ်ကြီးတို့အတွက် ဝါးတီးလည်း ဆွဲရမယ်... ဦးနှောက်လည်း သုံးရမယ့် Sixth Sense Series လေးကတော့ အခုတစ်ခေါက်မှာ "Sixth Sense: B-Side"ဆိုတဲ့နာမည်လေးနဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။ ယခင် "Sixth Sense: City Tour"တုန်းက အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Yu Jae-Seok, Song Eun-I, မင်းသား Ko Kyung-Pyo တို့နဲ့အတူ အဆိုတော်၊ မင်းသမီး မမ BIBI ကပါ အဖွဲ့ဝင်အသစ်အနေနဲ့ပါဝင်လာပါတယ်။အစီအစဉ်ပုံစံလေးကတော့ အားလုံး သိပြီးသားဖြစ်တဲ့အတိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေတဲ့ အရသာရှိ စားသောက်ဆိုင်တွေဆီကို သွားရောက် စားသုံးကြည့်ပြီး အဲဒီထဲကမှဆိုင်အတုကို စူးစမ်းဖော်ထုတ်သွားကြရမှာပါ။ ပိုပိုပြီး စေ့စပ်လာတဲ့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ လှည့်ကွက်တွေကြားမှာ အဖွဲ့ဝင် (၄) ဦးက ဖုံးကွယ်ထားတဲ့ B-Side ကို ရှာဖွေပြီး ဆိုင်အစစ်နဲ့ အတု မှန်ကန်အောင် ခွဲခြားနိုင်ပါ့မလားဆိုတာကိုအတူတူ လိုက်ပါအဖြေရှာရင်း စောင့်မျှော်ကြည့်ရှုကြရအောင်နော်။

အပိုင်းများ

Season - 1