Spring of the Blade 一瓯春 FHD

Spring of the Blade 一瓯春

Drama Family FHD 2026-09-17 5.3

ငယ်စဉ်ကတည်းက မိဘဖြစ်ခဲ့တဲ့ ရှဲ့ချင်းယွမ်ဟာ လမ်းဘေးမှာ အနာဂတ်မဲ့စွာလှည့်လည်ကျက်စားခဲ့ရသူပါ။ အဲလိုလှည့်လည်နေရင်း မိသားစုကပ်ဘေးဆိုးကြီး ကြုံတွေ့ခဲ့ရတဲ့အပြင်စစ်ဘက်ဆိုင်ရာထဲပါ အပို့ခံခဲ့ရတဲ့ ရှန်ရွင်နဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့မိပါတယ်။ ဘဝတွေနာခဲ့ကြတဲ့သူတို့နှစ်ဦးဟာ အသက်ဆက်ရှင်ကြဖို့ ကတိသစ္စာပြုကာ လမ်းခွဲခဲ့ကြပါတယ်။နှုတ်မဆက်ခင်မှာ ရှန်ရွင်က အမှတ်တရအဖြစ် အကြွေစေ့လေးတစ်ပြား ပေးအပ်ခဲ့ပါတယ်။နှစ်အတော်ကြာပြီးနောက်မှာတော့ ရှဲ့ချင်းယွမ်ဟာ မိခင်ရဲ့မသင်္ကာဖွယ်သေဆုံးမှုအမှန်ကို ဖော်ထုတ်ဖို့ဆုံးဖြတ်ကာ ရှဲ့စံအိမ်တော်ဆီ သတ္တိရှိရှိပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အဲဒီအတောအတွင်းမှာပဲ အာဏာစက်ထက်မြက်လာခဲ့သူ ရှန်ရွင်ဟာလည်း အကျပ်အတည်းကြုံနေရတဲ့ရှဲ့မိသားစုကို စောင့်ကြည့်စစ်ဆေးဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ အမှန်တရားကိုအတူတကွဖော်ထုတ်ရင်း သူတို့နှစ်ဦးရဲ့အတိတ်က သံယောဇဉ်ကြိုးမျှင်လေးဟာ ပြန်လည်ချိတ်ဆက်မိသွားခဲ့ကြပါတယ်။ ရှန်ရွင်ဟာ ရှဲ့ချင်းယွမ်ရဲ့ရဲရင့်မှု၊ ထက်မြက်မှုနဲ့အကောင်းမြင်စိတ်တို့အပေါ် သဘောကျစွဲလန်းသွားခဲ့သလို ရှဲ့ချင်းယွမ်ကလည်း သူ့ကို အရည်အချင်းရှိပြီး ယုံကြည်အားကိုးရတဲ့ အရင်းနှီးဆုံးသူစိမ်းအဖြစ် အပြည့်အဝပုံအပ်ခဲ့ပါတော့တယ်။ဇာတ်လမ်းသဘောအရဆိုရင်တော့ ငယ်စဉ်က ပေးခဲ့တဲ့ အကြွေစေ့လေးတစ်ပြားနဲ့ အတိတ်သံယောဇဉ်ကြောင့် ပြန်လည်ဆုံစည်းကြရမဲ့ Childhood Sweetheart Vibe လေးမို့ကြည့်ရတာအတော်ကိုရိုအီချိုပလီပြီး ချောင်းဆိုးနိုင်တယ်ဆိုပေမဲ့ အလံနီကာပယ်ကလည်း ဖြစ်နေပြန်တော့ Powerful Smart Couple Vibe ကြီးကြောင့်ပါ ကြည့်ရင်းရူးခါနေမှာပါဗျို့။