Crew Girl FHD

Crew Girl

Drama FHD 2026-09-10 8.3

ဇာတ်လမ်းအကျဉ်းကတော့ လူကုံထံဘဝကနေ နေ့ချင်းညချင်း အောက်ခြေဘဝရောက်သွားပြီး ယောက်ျားလေးလှေလှော်အသင်းရဲ့ တစ်ဦးတည်းသော မိန်းကလေး ဦးဆောင်သူ (Coxswain)ဖြစ်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ‌ပေါ့ပေါ့ပါးပါး Teen Drama ဇာတ်လမ်းတွဲသစ်လေးပါ ။ အဖေဖြစ်သူရဲ့ ငွေကြေးလိမ်လည်မှုကြောင့် နာမည်ပျက်ပြီး မြို့သေးသေးလေးက ကျောင်းအသစ်ကို ပြောင်းလာခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် Teagan တစ်ယောက် စိန်ခေါ်မှုတွေ၊အရှုပ်အထွေးတွေကြားထဲကနေ ယောက်ျားလေး လှေလှော်အသင်းကို အောင်မြင်အောင် ဘယ်လိုတွန်းတင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ အားကစားပြိုင်ပွဲတွေရဲ့ အားကျစရာ ဇွဲလုံ့လအပြင်၊ ကျောင်းတွင်းဒရာမာတွေနဲ့ အဖွဲ့ခေါင်းဆောင် Josh၊ ဒေသခံကောင်လေး Cam တို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုပါ ရင်ခုန်ခံစားရမှာမို့ Drama ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ခုပါပဲ။ လက်ရှိ Netflix မှာလည်း Global Top 1 ဖြစ်နေတဲ့အထိ အောင်မြင်နေတာဖြစ်လို့ မလွတ်တမ်းကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ချင်ပါတယ်။