Shadow Punisher 魅影神捕 FHD

Shadow Punisher 魅影神捕

Drama FHD 2026-10-02 5.3

သခင်ကြီးချင်းယန်ဟာ ရာဇပလ္လင်နောက်ကွယ်က စက္ကူမီးအိမ်လို လျှို့ဝှက်ဆန်းကြယ်လှတဲ့ စတုတ္ထမင်းသားသေဆုံးမှုရဲ့အမှန်တရားကို ဖော်ထုတ်ဖို့အတွက် နန်းတွင်းစုံစမ်းစစ်ဆေးရေးဌာနထဲကို မရမကထိုးဖောက်ဝင်ရောက်ဖို့ လီစစ်ဆိုတဲ့နာမည်တုကို အသုံးပြုခဲ့ပါတယ်။ အဲဒီဌာနမှာပဲ လီစစ်ဟာ အေးစက်စက်နိုင်လှပေမဲ့ အင်ပါယာတစ်ခုလုံးမှာ  အတော်ဆုံးမှုခင်း‌ဆေးပညာရှင်ဖြစ်တဲ့ ပိုင်ကျန်းကျူး၊ အတိတ်က နက်ရှိုင်းလှတဲ့လက်စားချေချင်စိတ်ကို ရင်မှာပိုက်ထားပြီး သိုင်းပညာထက်မြက်တဲ့ မုံ့ရွေ့တို့နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်။သူတို့သုံးယောက်ဟာ နတ်ဘုရားစုံထောက်ဆိုတဲ့အဖွဲ့ကို အခိုင်အမာထူထောင်ပြီး အန္တရာယ်ပေါင်းစုံကို အတူတကွရင်ဆိုင်ကာ ပုန်းကွယ်နေတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ရင်း အင်ပါယာကိုလှုပ်ခါစေခဲ့တဲ့ ပဟေဠိအမှုကြီးရှစ်ခုကိုပါ စုံစမ်းဖော်ထုတ်သွားဖို့ ပြင်ဆင်ကြပါတော့တယ်။ ဒီစီးရီးလေးက နန်းရေးနန်းရာနောက်ခံဖြစ်သလို ဇာတ်ကောင်သုံးဦးရဲ့ Trio Chemistry ကြောင့် အတော်လေးလည်းစိတ်လှုပ်ရှားရမဲ့အပြင် အမှုကြီး (၈) ခုကို အဆင့်ဆင့်ဖြေရှင်းကြမဲ့ Plot မျိုးမို့ Mystery Drama ကြိုက်သူတွေအတွက် တစ်ပိုင်းမှ လက်မလွှတ်တမ်းကြည့်ရှုရမဲ့ဇာတ်လမ်း‌လေးပါပဲနော်။