ဒီကားလေးကတော့ အတ္တမာနတွေ၊ အဂတိလိုက်စားမှုတွေ ကြီးစိုးနေတဲ့ ဆေးရုံကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းထဲမှာ ဘယ်လိုလူမှန်း ခန့်မှန်းရခက်ပေမယ့် ပညာရပ်ပိုင်းမှာတော့ တကယ့်ကို ပြောင်မြောက်တဲ့ ခွဲစိတ်ဆရာဝန် တစ်ယောက် အဲ့ဒီဆေးရုံကို ရောက်လာပါတော့တယ်။ သူရောက်လာပြီးတဲ့နောက်မှာတော့ ဆေးရုံက လူတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တားဆီးမှုတွေ ကြားထဲကနေပဲ၊ အခြားဆရာဝန်တွေ လက်လျှော့ထားပြီး ဘယ်လိုမှ ကုသလို့ မရနိုင်တော့ဘူးလို့ ထင်ရတဲ့ ရောဂါဝေဒနာရှင်တွေကို သူက တာဝန်ယူပြီး ဘယ်လို ကုသပေးသွားမလဲ ဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဆေးပညာရပ်ဆိုင်ရာ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။