The Perfect Lie라이어 FHD

The Perfect Lie라이어

Crime Drama Mystery FHD 2026-10-30 6.4

ဒီကားလေးမှာက အပြုံးလှလှလေးတွေ ပိုင်ဆိုင်ထားတဲ့ နှလုံးခွဲစိတ်ဆရာဝန် ဂျွန်းဟို (Joonho) နဲ့ လွတ်လွတ်လပ်လပ် နေထိုင်တတ်တဲ့ စာကြည့်တိုက်မှူး-ဆရာမလေး ဂျီဆွန်း (Jisun) တို့အကြောင်းကို ရိုက်ပြထားတာပါ။ သူတို့နှစ်ယောက်ဟာ ရင်ခုန်စရာကောင်းတဲ့ ချိန်းတွေ့မှုလေး တစ်ခုအပြီးမှာ အမှတ်တရဖြစ်စေမယ့် အထူးညလေးတစ်ညကို အတူတူ ဖြတ်သန်းခဲ့ကြရာကနေ ဇာတ်လမ်းစထားတာပေါ့။ဒါပေမယ့် နောက်တစ်နေ့ မနက်မိုးလင်းတဲ့ အခါမှာတော့... သူတို့နှစ်ယောက်ဟာ ရဲစခန်းတစ်ခုမှာ လုံးဝ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ကြရပြီး၊ ပြီးခဲ့တဲ့ညက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့တစ်ယောက် လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မှတ်ဉာဏ်တွေ၊ ထွက်ဆိုချက် အသီးသီးနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ကြရပါတော့တယ်။ ဘယ်သူက အမှန်ကို ပြောနေလဲ၊ ဘယ်သူက လိမ်နေတာလဲ ဆိုတာကို အတည်ပြုဖို့ အမှန်တရား ရှာဖွေရေး စက် (Polygraph test) နဲ့ စစ်ဆေးလိုက်တဲ့ အခါမှာတော့... ထွက်ပေါ်လာတဲ့ တုန်လှုပ်ဖွယ်ရာ အဖြေရလဒ်ကြောင့် သူတို့နှစ်ယောက်လုံးရဲ့ ဘဝတွေဟာ ဇောက်ထိုးမိုးမျှော် အကြီးအကျယ် ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီညက တကယ်တမ်း ဘာတွေများ ဖြစ်ခဲ့တာလဲ၊ သူတို့ နှစ်ယောက်ထဲက ဘယ်သူ့ရဲ့ မှတ်ဉာဏ်က အစစ်အမှန်လဲ၊ ဒါမှမဟုတ် နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ပိုပြီး ကြောက်စရာကောင်းတဲ့ အမှန်တရား တစ်ခုခု ရှိနေမလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ အချစ်ရဲ့ ရင်ခုန်သံတွေနဲ့အတူ ဘယ်သူ့ကို ယုံကြည်ရမှန်းမသိတဲ့ လျှို့ဝှက်ချက်တွေကို အသည်းယားစရာ ပေါင်းစပ်တင်ဆက်ထားတဲ့ ရိုမန်တစ် လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို (Romantic Mystery Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

အပိုင်းများ

Season - 1