ဒီကားလေးမှာက အကြွေးနွံထဲမှာ ရုန်းမထွက်နိုင်အောင် နစ်မွန်းနေပြီး ငွေကြေးကို အသည်းအသန် လိုအပ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ သူဟာ ဝင်ငွေ အများကြီးရနိုင်တဲ့ အချိန်ပိုင်း အလုပ်တွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ အေဂျင်စီ တစ်ခုဆီကနေ စတင် လက်ခံလုပ်ကိုင်ရာကနေ ဇာတ်လမ်းစထားတာပေါ့။အစပိုင်းမှာတော့ လွယ်လွယ်ကူကူနဲ့ ငွေတွေ အများကြီး ရလာတဲ့အတွက် သူ့ရဲ့ အကြွေးပြဿနာတွေ ပြေလည်သွားပြီလို့ ဝမ်းသာခဲ့ပေမယ့်... တကယ်တမ်း ဒီအေဂျင်စီက ခိုင်းစေတဲ့ အလုပ်တွေက သာမန် အလုပ်တွေ မဟုတ်မှန်း သူ တဖြည်းဖြည်း သိလာပါတော့တယ်။ ငွေပိုမက်ပြီး အလုပ်တွေ ဆက်လုပ်လေလေ၊ သူ လုပ်ရတဲ့ တာဝန်တွေက ပိုပြီး အန္တရာယ်များ၊ ထူးဆန်းပြီး ကြောက်စရာကောင်းလာလေလေ ဖြစ်လာကာ... နောက်ဆုံးမှာတော့ သူ့ရဲ့ ငွေရှာချင်စိတ်က သူ့ကို လွတ်လမ်းမရှိတဲ့ ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီး တစ်ခုထဲကို မလွှဲမရှောင်သာ ဆွဲသွင်းသွားပါတော့တယ်။ဒီထူးဆန်းတဲ့ အေဂျင်စီရဲ့ နောက်ကွယ်က တကယ့် အမှန်တရားက ဘာများဖြစ်နေမလဲ၊ အသက်အန္တရာယ်နဲ့ ရင်းပြီး လုပ်ရတဲ့ ဒီခြောက်ခြားဖွယ်ရာ အလုပ်တွေကြားထဲကနေ သူ ဘယ်လို အသက်လု ရုန်းထွက်သွားမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ငွေကြေးရဲ့ မြှူဆွယ်မှု၊ လောဘနဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေကို အသည်းယားစရာ ပေါင်းစပ်တင်ဆက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို (Mystery Psychological Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။