Where the Mask Ends 嫁金钗 FHD

Where the Mask Ends 嫁金钗

Drama FHD 2026-10-16 8.2 46 Min

ဆင်းရဲနွမ်းပါးတဲ့ လမ်းဘေးသူတောင်းစားဘဝကနေ ရုန်းထွက်ပြီး အဆင့်အတန်းမြင့်မားတဲ့ ဘဝတစ်ခုကို ရရှိဖို့ ရည်မှန်းချက်ကြီးမားနေတဲ့ မိန်းကလေးတစ်ဦးဟာ မထင်မှတ်ထားတဲ့ အခွင့်အရေးတစ်ခုကို ရရှိလာခဲ့ပါတယ်။အဲဒါကတော့ မင်းမျိုးမင်းနွယ် အမျိုးသမီးတစ်ဦးရဲ့ နေရာကို အယောင်ဆောင်ဝင်ရောက်ပြီး အင်အားကြီး စစ်သူကြီးတစ်ဦးရဲ့ ဇနီးအဖြစ် လက်ထပ်ခွင့်ရရှိခဲ့တာပါပဲ။ သို့သော် သူမရဲ့ ခင်ပွန်းဖြစ်သူ စစ်သူကြီးဟာ အိပ်ရာထဲမှာ သတိလစ်မေ့မြောနေသူတစ်ဦး ဖြစ်နေခဲ့ပါတယ်။အရာအားလုံး အဆင်ပြေနေပြီလို့ ထင်မှတ်ထားချိန်မှာပဲ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ သတိပြန်လည်လာခဲ့ခြင်းပါပဲ။ဒီအချိန်ကစပြီး သူမဟာ နန်းတွင်းအာဏာလုပွဲတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြားမှာ ပါးနပ်တဲ့ ဉာဏ်ပညာကို အသုံးချပြီး ရှင်သန်ရတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူမကို မယုံကြည်တဲ့ ခင်ပွန်းဖြစ်သူရဲ့ နှလုံးသားကို အနိုင်ယူဖို့ ကြိုးစားရင်း သူမရဲ့ တကယ့်မျိုးရိုးနွယ်ဖွားနဲ့ တော်ဝင်သွေးပါဝင်နေတဲ့ လျှို့ဝှက်ချက်ကိုပါ ဖော်ထုတ်တွေ့ရှိလာရပါတော့တယ်။လမ်းဘေးသူတောင်းစားဘဝကနေ ဂုဏ်သရေရှိ မင်းမျိုးမင်းနွယ်တစ်ဦးအဖြစ် ဘယ်လိုပြောင်းလဲနိုင်ခဲ့တာလဲ။ သူမရဲ့ အစစ်အမှန်ဇာစ်မြစ်က ဘာလဲ။ ရန်သူတွေအားလုံးကို အနိုင်ယူပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်ပါ့မလား။အချစ်၊ အာဏာလုပွဲ၊ လျှို့ဝှက်ကြံစည်မှုနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ပြည့်နှက်နေတဲ့ တရုတ်နန်းတွင်းအချစ်ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။