တူးမြောင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ အရှုပ်အထွေးများဖြင့် ပြည့်နှက်နေပြီး နန်းတွင်းနိုင်ငံရေးအာဏာပြိုင်ဆိုင်မှုများလည်း ပြင်းထန်နေတဲ့ ကာလတစ်ခုမှာ အသားသတ်သမားရဲ့သမီးဖြစ်သူ Jin Baozhu ဟာ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် အိမ်ထောင်တစ်ခုကို အတင်းအကျပ် လက်ခံလိုက်ရပါတယ်။ သူမလက်ထပ်ရမယ့်သူကတော့ တစ်ချိန်က အာဏာကြီးမားခဲ့တဲ့ ရေကြောင်းပို့ဆောင်ရေးမိသားစုရဲ့ အမွေဆက်ခံသူဖြစ်ပေမဲ့ အရှက်တကွဲဖြစ်ကာ ကိုယ်လက်မသန်စွမ်းတော့တဲ့ Xie Yan ပဲ ဖြစ်ပါတယ်။အစပိုင်းမှာတော့ နှစ်ဦးစလုံးဟာ မတူညီတဲ့နောက်ခံနဲ့ စိတ်သဘောထားတွေကြောင့် အမြဲတမ်းပဋိပက္ခတွေ ဖြစ်ပွားနေကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်း အခက်အခဲတွေကို အတူတကွ ရင်ဆိုင်လာကြပါတယ်။သူတို့နှစ်ဦးရဲ့ဘဝထဲကို အန္တရာယ်တွေနဲ့ လျှို့ဝှက်ကြံစည်မှုတွေ တစ်စထက်တစ်စ ဝင်ရောက်လာတဲ့အခါ အရင်က မယုံကြည်ခဲ့ကြတဲ့သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အားကိုးရတဲ့ လက်တွဲဖော်တွေ ဖြစ်လာနိုင်ပါ့မလား။အမုန်းတရားနဲ့ စတင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကနေ ယုံကြည်မှု၊ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေအဖြစ် ပြောင်းလဲသွားမယ့်အပြင် အာဏာပြိုင်ဆိုင်မှုတွေနဲ့ အန္တရာယ်တွေကြားက ရုန်းကန်ရမယ့် စိတ်ဝင်စားဖွယ် တရုတ်နန်းတွင်းနောက်ခံ အချစ်ဒရာမာဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။