စုန်းမတွေ လူ့လောကထဲမှာရှိနေသေးတယ်ဆိုတာယုံလားတကယ်တော့ လူတွေကြားထဲမှာ ပုန်းကွယ်နေလို့ လူတွေမသိခဲ့ကြတာပါ အဖွားကြီးတစ်ယောက် အမျိုးသမီးကြီးတစ်ယောက်မိန်းမပျိုလေးတစ်ဦး အိမ်အိုကြီးတစ်လုံးမှာနေထိုင်ကြပြီး စွပ်ပြုတ်ဆိုင်လေး ဖွင့်ထားတယ် အဖွားကြီးတစ်ယောက် အမျိုးသမီးကြီးတစ်ယောက်မိန်းမပျိုလေးတစ်ဦး အိမ်အိုကြီးတစ်လုံးမှာနေထိုင်ကြပြီး စွပ်ပြုတ်ဆိုင်လေး ဖွင့်ထားတယ် စွပ်ပြုတ်ဆိုင်ကို ရပ်ကွက်ထဲမှာဖွင့်ထားပေမယ့်မီးခိုးမထွက် တစ်ခါစားမိရုံနဲ့ အမြဲတမ်းလာစားချင်စိတ်ဖြစ်လို့စွပ်ပြုတ်လာစားသူတွေတန်းစီပြီး ရပ်စောင့်နေရတဲ့အထိပဲ။ မာဆောင်းထယ် ကုမဏ္ဏီ ဥကဋ္ဌ သူဌေးလေးတစ်ယောက်အမြဲတမ်း အိမ်မက်ထဲမှာ အိမ်အိုကြီးတစ်လုံးကိုမက်ပြီး အိမ်မက်ဆိုးတွေနဲ့ နိုးထရတယ် လွန်ခဲ့တဲ့ 25 နှစ် ကလေးဘဝကအဖြစ်ပျက်တွေကိုမမှတ်မိတော့တဲ့သူ ငယ်ငယ်ကအကြောင်းမှတ်မိစေဖို့ အိမ်မက်ထဲက အိမ်အိုကြီးကို လိုက်ရှာနေခဲ့တယ်…. တစ်နေ့စုန်းပျိုမလေး ဟန်ချိုဟွန်းကိုမာဆောင်းထယ်ကားနဲ့တိုက်မိခဲ့တယ် ကားတစ်ခုလုံး ပိန်ချိုင့် သွားခဲ့လို့ လျော်ကြေးပေးဖို့ စုံစမ်းပေမယ့်စုံစမ်းမရခဲ့ဘူး အတိတ်ကအကြောင်းကိုသိချင်လို့ အိမ်အိုကြီးဝယ်ခဲ့ပြီးအိမ်အိုကြီးမှာ ဟန်ချိုဟွန်းနဲ့ပြန်လည်စုံတွေ့တဲ့အခါ….. အတိတ်ကဘာတွေဖြစ်ခဲ့တာလဲ… စုန်းမဆိုတဲ့လျှို့ဝှက်ချက်တွေကောသိသွားမလားဆိုတာ…