Asta နဲ့ Yuno တိုဟာ မွေးကတည်းက စွန့်ပစ်ခံရပြီးChurch ကို ရောက်ရှိလာတဲ့ ကောင်လေးနှစ်ယောက်ပါ။သူတို နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေဖြစ်သလို ပြိုင်ဘက်တွေလဲ ဖြစ်ပါတယ်။ သူတိုနှစ်ယောက်ရဲ့ရည်မှန်းချက်ကတော့ တစ်နေ့မှာ Wizard King ဖြစ်ဖိုပါပဲ။လူတိုင်းလိုလို အရွယ်ရောက်ရင် ကိုယ်ပိုင် Magic ကိုယ်စီသုံးနိုင်တဲ့ အချိန်မှာ Asta တစ်ယောက် ဘာMagic မှမထွက်လာသေးပါဘူး။ ဒါပေမဲ့ Yuno ကတော့Asta နဲ့ ဆန်ကျင်ဘက် မွေးကတည်းက ပါရမီပါပြီးWind Magic ကို ပိုင်ဆိုင်ထားတာပါ။ ဒီလိုနဲ့ အသက် ၁၅ နှစ်ကိုယ်စီ ရောက်တဲ့ အခါ သူတိုရဲ့ ကိုယ်ပိုင် Magic ပါဝါတွေကို မြှင့်တင်ပေးမဲ့ Grimoire စာအုပ်တွေကိုရယူကြပါတယ်။ သာမန်သူတွေကတော့ ပွင့်ချပ်သုံးချပ်ပါ စာအုပ်သာရပေမဲ့ Yuno ကတော့ ပွင့်ချပ်လေးချပ်ပါစာအုပ်ကို ရခဲ့တာပါ။ Asta ကတော့ ဘာဆိုဘာမှ မရရှိခဲ့ပါဘူး။ ဒီလိုနဲ့ Yuno ကို မနာလိုတဲ့ သူတွေကတိုက်ခိုက် ဖမ်းချုပ်ထားတဲ့ အချိန် Asta အနာခံဝင်ချရင်းမမျှော်လင့်ဘဲ Asta အတွက် ပွင့်ချပ်ငါးချပ်ပါ စာအုပ်နဲ့Anti-Magic ဓားပါရသွားတဲ့အခါမှာတော့