ဇာတ်လမ်းအညွှန်း ပထမဆုံးမိတ်ဆက်ပေးမဲ့ဇာတ်ကောင်ကတော့ သူဖုန်းစားဂိုဏ်းခေါင်းဆောင်ချောင်ဖုန်း သူဟာ စုန့်ပြည်သူတွေရဲ့အမှန်တရားဘက်ကရပ်တည်ပေးတဲ့သူ ချောင်ဖုန်း သူဟာသစ္စာဖောက်ဆိုပြီး အစွပ်စွဲခံတော့သူ့ရဲ့ ဖြစ်တည်မှုအစစ်အမှန်ကိုသိရဖို့ သူ့ရဲ့ရိုးသားမှုကိုသက်သေပြဖို့အတွက် ဘယ်လိုတောင်စွမ်းဆောင်ပြမလဲ... အခုနောက်ထပ်မိတ်ဆက်ပေးမယ့်ဇာတ်ကောင်ကတော့မင်းသားလေး သွမ့်ယွီ သွမ့်ယွီ ကတော့အားလုံးမှတ်မိကြမယ့်အတိုင်း အမြဲတက်ကြွပြီးထက်မြက်နေတဲ့မင်းသားလေး သူရဲ့ပင်ကိုယ်စရိုက်ဖြစ်တဲ့ငြိမ်ချမ်းရေးကိုမြတ်နိုးတဲ့စိတ်ကြောင့် သိုင်းမသင်ချင်ဘဲ အမြဲငြင်းဆန်နေသူ သူကရောမသင်ချင်ပါဘူးဆိုတဲ့သိုင်းပညာကိုသင်လိုက်ရမလား သူမြတ်နိုးရတဲ့ချစ်ရသူ ဝမ်ယွီရန် ရဲ့အချစ်ကိုရယူနိုင်ပါ့မလား သူ့ရဲ့ရှုပ်ထွေးတဲ့အချစ်လမ်းလေးကရောဖြောင့်ဖြူးပါ့မလား နောက်ဆုံးဇာတ်ကောင်ကတော့ရှောင်လန်ကျောင်းကကိုယ်တော်လေး ရွှီကျူး ပါ ရှောင်လင်ကိုယ်တော်လေးရွှီကျူးကတော့ဆရာသခင်ရဲ့သင်ပြမှုကနေသိုင်းလောကရဲ့ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ် ကြင်နာတတ်တဲ့နှလုံးသားနဲ့ကိုယ်တော်လေးကမလုပ်နိုင်ဘူးလို့တွေးထားတဲ့စွန့်စားခန်းတွေကိုရောလုပ်ဆောင်နိုင်ပါ့မလား စုန့် ပြည်နဲ့ လျောင်ပြည်ရဲ့ ပဋိပက္ခတွေကြားမှာ သူတို့သုံးဦးရဲ့လူသားဆန်မှုတွေအနစ်နာခံမှုတွေခေါင်းဆောင်ပီသတဲ့စိတ်ထားတွေအပြင် အချစ်ဆိုတဲ့ရသလေးဝင်ရောက်လာချိန်မှာရော တစ်မျိုးတစ်ဖုံပြောင်းလဲသွား မလားဆိုတဲ့ "တိမ်လွှာနဂါးသူရဲကောင်းများ 2021 " ဆိုတဲ့ ဇာတ်လမ်းလေးကိုလက်လွှတ်မခံဘဲ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ