ဒီစီးရီးကတော့ ၂၀၂၅ မေလ ၁၆ ရက်နေ့ကမှ Netflix ကအသစ်ထုတ်လွှင့်လိုက်တဲ့ စပိန်ဒရမ်မာ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ..ဆုပေါင်းများစွာရရှိထားတဲ့ မင်းသားကြီး Jose Coronado ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Money Heist တို့လို နာမည်ကြီးဇာတ်လမ်းတွဲထဲမှာ Manila အဖြစ်သရုပ်ဆောင်ခဲ့တဲ့ BelénCuesta ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် အခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်တင်ဆက်ထားလို့ ဇာတ်ကောင်များများနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှု့ရမယ့် ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်…ဇာတ်လမ်းအကျဉ်း+++++++++သူဌေးကြီး Federico Seligman ဟာ ကျန်းမာရေးကိစ္စတစ်ခုကြောင့် အလုပ်မှအနားယူကာ ဟျူစတန်မြို့ဆီသွားရောက်ဆေးကုသမှုခံယူနေခဲ့ပါတယ်..၎င်းဆေးကုသမှုခံယူနေစဉ် ၂ နှစ်အတွင်း ၎င်းတည်ထောင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းများကို သားသမီးများက စီမံဆောင်ရွက်ကြရင်း ဖခင့်ဂုဏ်သိက္ခာပျက်စီးစေနိုင်တဲ့ မသမာမှုများကိုပါဆောင်ရွက်ခဲ့ကြပါတယ်..၂ နှစ်အကြာ သူဌေးကြီး Federico Seligman ပြန်လည်သက်သာလာပြီး မိသားစုနှင့်အလုပ်ဆီပြန်သွားချိန်မှာတော့ မသမာမှုကိစ္စများကို ဖခင်မသိရလေအောင် သားသမီးများက ဝိုင်းဝန်းလိမ်လည်ရဖို့ဖြစ်လာခဲ့ပါတယ်..ဖခင်နှင့်သားသမီးများကြား ရင်းနှီးပွင့်လင်းသည့် ဆက်ဆံရေးမရှိသည့်အလျောက် အချင်းချင်းကြား မယုံကြည်မှုများ ရှိနေရကားစီးပွားရေးလုပ်ငန်းအတွင်း ဖြစ်ထားသည့် မသမာမှုကိစ္စကိုလည်းတိုးတိုးတိတ်တိတ် ကြိတ်ခါသာ ဖြေရှင်းနေရပါတယ်..သို့သော်လည်း အောက်ခြေကနေ သူဌေးဖြစ်လာခဲ့တယ်ဆိုတာအလကားမဟုတ်ကြောင်း သားသမီးများကို သင်ခန်းစာပေးဖို့ကြိုးစားရာမှာတော့…ဒီဇာတ်ကားလေးဟာ ကြီးမားတဲ့ လူချမ်းသာမိသားစုတစ်ခုအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ၊ လူချမ်းသာတို့ရဲ့ နောက်ကွယ်ကမရိုးမဖြောင့်လုပ်ရပ်များ၊ နိုင်ငံရေးအတွင်းဝင်ရောက်ချယ်လှယ်မှုများနှင့် အိမ်ထောင်ရေးရဲ့ရှုပ်ထွေးမှုများကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားလို့ Drama ကားချစ်သူပရိသတ်များရွေးချယ်ကြည့်ရှုနိုင်စေရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……………