်စရာအကောင်းဆုံး Anime ဖြစ်တဲ့ Your Lie in April လေးကိုမိတ်ဆက်ပေးပါရစေ..Kousei Arima ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်ထူးချွန်အောင်မြင်ခဲ့တဲ့ Pianist တစ်ယောက်ဖြစ်ပါတယ်။Saki piano ပြိုင်ပွဲမှာလည်း အသက်အငယ်ဆုံးအနေနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုဟာ သူ့ရဲ့ဆရာနည်းပြလလည်းပြောလရတဲ့ သူ့ရဲ့ အမေကြောင့်လပြောလရပါတယ်။ ဒါပေမယ့် Kousei ဟာ အသက် ၁၂ နှစ် အရွယ်မှာ သူ့အမေဆုံးပါးသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး Kousei ဟာ စိတ်ကျရောဂါတစ်မျိုးကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပါတယ်။ သူဟာ သူ့ရဲ့ Piano တီးသံကိုတောင် မကြားနိုင်တော့တဲ့ အခြေအနေအထိ ဖြစ်သွားခဲ့ပါတယ်။