“Agents of S.H.E.L.D” စီးရီးက MCU နဲ့ချိတ်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး Avenger Assemble (Avenger 1) မှာ သေဆုံးခဲ့တဲ့S.H.E.L.D agent Phil Coulson ကို အဓိက ဦးတည်ဇာတ်လမ်းတည်ထားပါတယ်။စီးရီးတစ်လျှောက်လုံးမှာလဲ MUC ကအဖြစ်အပျက်တွေနဲ့အချိတ်အဆက်မိမိရိုက်ကူးထားပြီး MCU Fan တွေအတွက်ကတော့ မကြည့်မဖြစ်စီးရီးတစ်ခုပါပဲ။ ဦးတိုနီတို့ ဘကြီးCaptတို့ ခိုခိုသော်ရ် တို့အပြင်မှာအစွမ်းကုန် ကမ္ဘာကိုကာကွယ်ပေးနေသလို AOSအဖွဲ့ကလဲ နောက်ကွယ်မှာလူမသိသူမသိ လျို့လျို့ဝှက်ဝှက်လေး ကာကွယ်ပေးနေခဲ့တာပါံHydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos အကြောင်းအရိတ်အမြွတ်ပြောတာတွေ စသည်ဖြင့်ပါဝင်ပါတယ်။MCU Timeline အတိုင်းသွားနေတဲ့စီးရီးဖြစ်သလို Inhuman အကြောင်းတွေလဲ တော်တော်များများပါဝင်ပါတယ်။ Season 4 မှာဆိုရင် Ghost Rider ( Robbie Reyes) တောင်ပါလာပါသေးတယ်။ အားနည်းချက်တစ်ခုကတော့ MCU နဲ့သွားချိတ်ထားတဲ့အတွက် ဟာကွက်လေးနည်းနည်းတော့ရှိပါတယ်။ဘာလဲဆိုတော့ စီးရီးဖြစ်တာနဲ့အညီ စီးရီးထဲကလူတွေနဲ့ပဲပွဲကြမ်းလိုက်ရတော့ အဲ့လိုမျိုးကြမ်းပေ့ရမ်းပေ့Villainတွေနဲ့ချနေတာ Avenger တွေဘယ်ရောက်နေလဲဆိုတာတော့ မေးစရာရှိပါတယ်(Nick Furyကြီးတော့ လေး ငါးခန်းလောက်ပါလိုက်ပါတယ်)။ အဲ့အချက်လေးကိုမေ့ပြီးကြည့်ရင်တော့ ကြည့်ကောင်းတဲ့စီးရီးတစ်ခုဖြစ်တယ်ဆိုတာတော့လုံးဝအာမခံပါတယ်။Phil Coulson ရဲ့ခေါင်းဆောင်ကောင်းပီသမှုတွေ၊ Agent May ရဲ့ Bad ass ဖြစ်မှုတွေ၊ Daisy Johnson(Quake)ရဲ့ Sexy and Dangerous အကွက်တွေ၊ Fiz နဲ့ Simmon တို့ရဲ့ ရိုးရိုးလေးနဲ့ကြည်နူးစရာကောင်းတဲ့ရိုမန်တစ်လေးတွေ နဲ့ဒီစီးရီးကို ပျင်းစရာမကောင်းအောင်ဆွဲခေါ်သွားမှာပါ။