Running Man FHD

Running Man

Comedy Reality FHD 2010

Running Man ဆိုတာကတော့ တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊ သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီး အထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… အစပိုင်းမှာတော့ ယူဂျယ်ဆော့၊ ဂျီဆော့ဂျင်၊ ကင်ဂျုံးဂု၊ ဂန်ဂယ်ရီ၊ ဆောင်းဂျီဟို၊ ဟားဟား၊ လီဂွမ်ဆူ၊ ဆောင်းဂျွန်ကီ၊ လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိုပြီး ကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးအပိုင်း(၃၄၆) တွင် ဂျွန်ဆိုမင်နှင့် ယန်းဆယ်ချန်းတို့ ပါဝင်လာပြီး အပိုင်း (၅၉၉)တွင် လီဂွမ်ဆူ၊ အပိုင်း (၆၉၉)တွင် ဂျွန်ဆိုမင်တို့ အသီးသီး ရှိုးမှ ထွက်ခွာသွားပြီး လက်ရှိမှာတော့ ကျန်ရှိသော မူလအဖွဲ့ဝင်ဟောင်းများနှင့်အတူ အဖွဲ့ဝင်အသစ် ဂျီရယ်အွန်းနှင့် ချွဲဒယ်နီရယ်တို့က ထပ်မံအားဖြည့်ပါဝင်ပြီး ယနေ့အချိန်ထိ ဆက်လက်ရိုက်ကူးလျက်ရှိပါတယ်…အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ။