အရင်ဘဝက စူးကျင်ယွမ်တစ်ယောက် လူမှားချစ်မိခဲ့ပြီးတော့ ရှောင်းအိမ်တော်နဲ့မင်္ဂလာပွဲကနေထွက်ပြေးပြီးခိုးရာလိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်မိခဲ့တာကမကောင်းတဲ့ကောင် ဖြစ်နေတော့ဒုက္ခတွေမျိုးစုံတစ်သီတစ်သန်းကြီးခံစားခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကံတရားကမျက်နှာသာပေးတာကိုခံလိုက်ရပြီးတော့ တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ သူ့ဘဝကနေပြီးတော့မကောင်းတဲ့ကောင်ကိုဖယ်ထုတ်ပြီးတော့ ဘဝအသစ်ပြန်စမယ်လိုဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။ ဒါပေမဲ့လည်း အစ်ကိုကိုယ်စား သတိုသမီးလာကြိုဆိုတဲ့ ရှောင်းအိမ်တော်က သခင်လေးရှောင်းယွင်ယန့်နဲ့ ပတ်သက်ဆက်နွယ်မိသွားပါတော့တယ်။ ရှောင်းအိမ်တော်ကမကြာခင် ဘေးဒုက္ခကြုံတွေ့ရတော့မယ်ဆိုတာကို ကြိုသိထားတဲ့စူးကျင်ယွမ်တစ်ယောက် အမှားတွေကိုပြင်ဆင်ဖို ရှောင်းအိမ်တော်ကိုကူညီပေးဖိုလုပ်ရင်း ... သူတိုနှစ်ယောက်အတူတကွလက်တွဲပြီးတော့ ဘေးဒုက္ခတွေကိုကာဆီးနိုင်မလား? ကံကြမ္မာကိုပြန်ပြီးပြင်ရေးတဲ့ လမ်းခရီးမှာဘယ်လိုဆူးညှောင့်ခလုတ်တွေရှိနေနိုင်မလဲ?