အထက်တန်းလွှာမိန်းကလေး Wen Yue Qian က သူများတွေချောက်ချတာခံရ၊ အကျင့်မကောင်းတဲ့ခင်ပွန်းရဲ့ သစ္စာဖောက်ခံရနဲ့ နောက်ဆုံးမှာ ချောက်ကမ်းပါးကပါ တွန်းချခံလိုက်ရရှာပေတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာပြီး စူးမိသားစုရဲ့တရားဝင်သမီး Su Qing Ran ဖြစ်သွားတဲ့အခါမှာတော့ နာကြည်းမှုတွေပြည့်နေတဲ့ မိန်းမငယ်လေးရဲ့လက်စားချေမှုစတင်ပါတော့တယ်။ အိမ်တော်ကိုပြန် အတိတ်ကရန်သူတော်တွေကို သွေးကြွေးဆပ်၊ ဖခင်ရဲ့မတရားစွပ်စွဲခံရတဲ့နာမည်ကို ပြန်ဆေးကြောပေးပါတော့တယ်။မမျှော်လင့်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ သူ(မ)ဟာ ထိုနည်းတူ နာကြည်းမှုရန်ငြိုးတွေပြည့်နေတဲ့ Wanyan Jin နဲ့လက်ထပ်လိုက်ရပါတော့တယ်။ အသည်းနှလုံးမှာ ဒဏ်ရာဒဏ်ချက်ကိုယ်စီနဲ့ လက်စားချေဖိုကိုသာ အာရုံပြုနေတဲ့နှစ်ဦးသား တွေ့ဆုံကြတဲ့အခါမှာ အပြန်အလှန် ကျွန်းကိုင်းမှီကိုင်းကျွန်းမှီပြီး နွေးထွေးမှုပေးနိုင်ကြမှာလား ???နှစ်ယောက်သား ဘယ်လိုမျိုးပူးပေါင်းပြီး လက်စားချေသွားကြမှာလဲ ???