မိန်းကလေး MC ဇာတ်ကားတွေကို နှစ်သက်သူတွေအတွက် ကားသစ်လေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါရစေ ?? မင်းသမီးကြီး Sheng Yun Lin ဟာဆိုရင်ဖြင့် အမတ်ယုတ်ရဲ့ချောက်ချမှုကြောင့် အသက်သေဆုံးသွားခဲ့ရရှာပေမဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် တစ်ဖန်ပြန်ရှင်သန်နိုင်ခဲ့ပါတယ်။ မိမိရဲ့ဂုဏ်ပုဒ်ကိုဆေးကြောပြီးလက်စားချေဖို၊ မိသားစုနဲ့တိုင်းပြည်အတွက် တရားမျှတမှုကို ပြန်လည်တည်ဆောက်ဖို သူ(မ)ဟာ အာဏာကိုအရင်အရယူပါတော့တယ်။ သူ(မ)ရဲ့ ထက်မြက်တဲ့ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိတိုကိုအသုံးချပြီး မဟာမိတ်ရှာဖွေရင်း အာဏာရှိအမတ်တိုနဲ့ ပြိုင်ဆိုင်ဖြစ်တဲ့အခါမှာ မမျှော်လင့်ဘဲ ထိတ်လန့်အံ့အားသင့်လောက်စရာ အကြံအစည်ကြီးကိုသိရှိလိုက်ရပါတော့တယ်။ ဒီလိုနိုင်ငံရေးလှည့်ကွက်တွေ အကြံအစည်တွေကြားမှာ ခပ်တန်းတန်းနေတတ်တဲ့ မင်းဆရာလေးနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြဦးမလဲဆိုတာကတော့…..