100 Days My Prince FHD

100 Days My Prince

ဇာတ်လမ်းအကျဥ်းဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကတော့ သမိုင်းနောက်ခံ အချစ်ဒရာမာ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ရက် ၁၀၀ လောက် အတိတ်မေ့သွားတဲ့ အိမ်ရှေ့စံ မင်းသားလေးနဲ့ ကျေးရွာတစ်ခုက အပျိုကြီးမမတိုရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုဇာတ်အိမ်တည်ထားပါတယ်။ အိမ်ရှေ့စံ မင်းသားလေး Lee Yool ဟာ နန်းတွင်းထဲမှာ ဇီဇာကြောင်သူတစ်ဦးဖြစ်ပြီး ဘယ်သူနဲ့မှ တည့်တဲ့သူလည်း မဟုတ်ပါဘူး။ တစ်နေ့တော့ နန်းတွင်းလုပ်ကြံမှုတစခုကနေ လွတ်မြောက်ခဲ့ပေမယ့်တောင်စောင်းတခုပေါ်ကနေ ပြုတ်ကျပြီး သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ လူကတော့အသက်ဘေးကနေ လွတ်ခဲ့ပေမယ့် ရက် ၁၀၀ လောက် အတိတ်မေ့သွားခဲ့ပါတယ်။အဲဒီနောက် အိမ်ရှေ့စံ Lee Yool ဟာ Wondeuk ဆိုတဲ့ လူအနေနဲ့ ကျေးရွာတစ်ခုကို ရောက်သွားခဲ့ပြီး အဲဒီရွာမှာနေထိုင်တဲ့ အပျိုကြီးမမ Hong shim နဲ့ တွေ့ဆုံခဲ့ပတယ်။ အိမ်ရှေ့စံ Lee Yool ထုတ်ထားတဲ့ ဥပဒေအရ အိမ်ထောင်မပြုမနေရ အခြေအနေဖြစ်နေတဲ့ Hong Shim ဟာ ကံကြမ္မာဖန်လာလို ဆုံတွေ့ခဲ့ရတဲ့ Wondeuk နဲ့ လက်ထပ်ရဖို ဖြစ်လာပါတော့တယ်။ အိမ်ရှေ့စံမင်းသားဘဝတုန်းက စေ့စပ်သေချာသလောက် အတိတ်မေ့ သာမန်အရပ်သားဘ၀မှာတော့ အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ Lee Yool တဖြစ်လဲ Wondeuk နဲ့ အိမ်ထောင်မပြုရင်ဥပဒေငြိစွန်းတော့မယ့် အပျိုကြီးမမ Hong Shim တိုရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဂျိုဆွန်းခေတ်မှာ ဖြစ်ပေါ်ခဲ့ပါတော့တယ်...