ဒီ Impulse ဆိုတဲ့ series လေးဟာ ၂၀၀၈ခုနှစ်​တုန်​းက ထွက်​ရှိခဲ့တဲ့Jumper movieရဲ့ Sequel ဇာတ်​လမ်​းအနေနဲ့ ၂၀၁၈ခုနှစ်​မှ ထွက်​ရှိလာခဲ့တာပါGoogle မှာရှာကြည်​့လိုက်​ရင်​တော့ ၉၆%က ကြိုက်​နှစ်​သက်​တယ်​လို့တွေ့ရှိရမယ်​့ Series ကောင်​းလေးတစ်​ခုပဲဖြစ်​ပါတယ်​ အခုလောလောဆယ်​မှာတော့ ၁ဝပိုင်​းထွက်​ရှိပြီးထားပြီးဖြစ်​ပါတယ်​ဇာတ်​လမ်​းအတိုချုံးကတော့ ဟင်​နရီဆိုတဲ့ကောင်​မလေးဟာ ကျောင်​းမှာဆိုးသွမ်​းပြီးတစ်​ယောက်​တည်​း နေတတ်​တဲ့ကောင်​မလေးတစ်​ယောက်​ဖြစ်​ပါတယ်သူမဟာ ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းပြောင်းနေရတဲ့ကျောင်းသူဖြစ်ပြီးတော့သူများနဲ့မတူတဲ့ထူးခြားတဲ့စွမ်းအင်တွေရှိနေပါတယ်..ဒါကိုလည်း သူမကိုယ်တိုင်တောင် သူမမသိရှာပါဘူး…ဒါပေမယ့် သူမ ကိုယ်တိုင်သိလိုက်တဲ့အချိန်မှာတော့သူမဟာ ပတ်ဝန်းကျင်အတွက်ကော သူမကိုယ်တိုင်အတွက်ပါအန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်…..ဒီစီးရီးလေးကတော့ Jumper ကြည့်ဖူးတဲ့လူတွေအတွက်စိမ်းမှာမဟုတ်ပေမယ့်အခုမှစကြည့်မယ့်လူတွေအတွက်ကတော့ ကျေနပ်ဖို့ကောင်းမယ့်ရသတစ်ခုကို ခံစားရမှာပါ…..