Law School FHD

Law School

Yang Jong Hoonဟာ အမှုစစ်ဟောင်း ဖြစ်ပြီး ထိပ်တန်းဥပဒေကျောင်းတစ်ကျောင်းရဲ့ ပါမောက္ခအဖြစ် စာသင်ကြားပေးနေတဲ့သူပါ...သူ့ရဲ့ဒဲ့တိုးဆန်တဲ့ အပြောအဆိုတွေနဲ့ တင်းကြပ်တဲ့သင်ကြားနည်းတွေကြောင့် ကျောင်းသားတွေက သဘောမကျကြပါဘူး... သူကတော့ကျောင်းသားတွေရဲ့ အမြင်ကိုဂရုမစိုက်ဘဲ ဥပဒေနယ်ပယ်မှာ အရည်အချင်းပြည့်ဝသူတွေကိုမွေးထုတ်ပေးဖို အာရုံစိုက်ထားတဲ့သူပဲဖြစ်ပါတယ်...သူ့ကိုပြောဆိုနိုင်တဲ့တစ်ဦးတည်းသောသူကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခ Kim Eun Sookပဲရှိပါတယ်...Kang Sol နဲ့ Han Joon-Hwiတိုကတော့ ပထမနှစ်ဥပဒေကျောင်းသားတွေဖြစ်တယ်...ဆင်းရဲတဲ့နောက်ခံကလာတဲ့ Kang Solအတွက်တော့ အထူးဝင်ခွင့်နဲ့ဝင်ရောက်လာခဲ့ရပြီးထက်မြက်တဲ့သူတွေကြားမှာ ရှေ့နေကောင်းတစ်ယောက်ဖြစ်လာဖို ကြိုးစားနေသူပါ...Han Joon Hwiကတော့ ဆွဲဆောင်မှုနဲ့ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ လူမသိအောင်ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်တစ်ခုရှိနေတဲ့သူဖြစ်တယ်...ဒီလိုလူမျိုးတွေရှိနေတဲ့ ထိပ်တန်းဥပဒေကျောင်းတစ်ခုမှာ ဆိုးဝါးရက်စက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတဲ့အခါမှာတော့...