Into The Night (2021) ၂၀၂၀ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက အက်ရှင်သိပ္ပံကားကြိုက်သူများကို သိမ်းသွင်းခဲ့တဲ့ “Into The Night”ဟာ Season 2 ထွက်ရှိလာပြီဖြစ်ပါတယ်။Rating လည်းမြင့်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားလေးကို မသိသူမရှိလောက်ပေမယ့် အမြည်းဇာတ်ညွှန်းလေးတော့ ရေးပါရစေဗျာ။ အကယ်၍များ ကျွန်တော်တို့သက်ရှိသတ္တဝါတွေကို နေလုံးကြီးက လိုက်သတ်နေရင် ဘယ်လိုလုပ်ကြမလဲဗျ။ကျွန်တော်တို့ အသက်ရှင်နိုင်ကြပါ့မလား။အသက်ရှင်တယ်ဆိုရင်တောင် ရှင်သန်လှုပ်ရှားဖို့ဖြစ်နိုင်ပါ့မလား။ဘယ်လိုစားသောက်နေထိုင်ကြမှာလဲ။စဥ်းစားကြည့်တော့လည်း မဖြစ်နိုင်သလိုပဲနော်။ ဒါပေမယ့် ဒီကားလေးက အပေါ်ကမေးခွန်းတွေကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ နေရောင်ကွယ်တဲ့ မြေအောက်စခန်းထဲက မွန်းကြပ်မှုတွေ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။Season 1 မှာ လေယာဥ်တစ်စီးနဲ့ ကမ္ဘာပတ်ပြေးခဲ့ရတဲ့ လူတစ်ခုဟာ အခု season 2 မှာတော့ မြေအောက်စစ်တပ်စခန်းတစ်ခုမှာ နေရာကျသွားကြပါပြီ။ဒါပေမဲ့ အခက်အခဲတွေတော့ရှိနေပါသေးတယ်။ သိုလှောင်ထားတဲ့ ရိက္ခာများပျက်စီးမှုကြောင့် ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ကြုံတွေ့နေရပါတယ်။ရွေးချယ်စရာရှိတာက မြေအောက်မှာ အစာပြတ်လတ်ပြီးသေမလား မြေပြင်ပေါ်တက်ပြီး စွန့်စားကြမလားဆိုတာပါပဲ။ဒါကြောင့်သူတို့ဟာ နော်ဝေနိုင်ငံမှာရှိတဲ့ မျိုးစေ့တွေကို လေယာဥ်နဲ့သွားယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။အဲ့တော့နေလုံးကြီးရဲ့ အန္တရာယ်ကိုရှောင်ကွင်းပြီး သူတို့အရောက်သွားနိုင်ကြပါ့မလား။ မသွားခင် ဘယ်လို ပြသာနာတွေနဲ့ရင်ဆိုင်ရဦးမှာလဲ။ စတဲ့မေးခွန်းတွေကို CM ပရိသတ်ကြီးကိုယ်တိုင်အဖြေရှာကြပါတော့ဗျာ။