So Ah ဆိုတဲ့ဆရာဝန်မလေး ကကောင်းကင်ဘုံကနေလူ့ပြည်ကိုဆင်းသက်လာတဲ့ Ha Baek ဆိုတဲ့ရေနတ်ဘုရားလေးကို ပေးဆပ် (ယဇ်ပူဇော်) ခံရပြီး HaBaek ရဲ့ အလုပ်အကျွေးပြူရသူ (ကျွန်) ဖြစ်လာရင်း သူတို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းကို ဖေါ်ကြူးပြသသွားမှာပါတဲ့ Joo Hyuk ရဲ့ ဇာတ်ရုပ် Ha Baek- "သူဟာ သွေးအေးတယ်၊ စတိုင်ကျတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုး" Shin Se Kyung ရဲ့ဇာတ်ရုပ် - "So Ah ဟာ ဆေးရုံတရုံရဲ့ အာရုံကြောနှင့်စိတ်ပိုင်းဆိုင်ရာဌာနရဲ့ အကြီးအကဲတယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း trauma ရထားတဲ့သူတယောက်.. နတ်ဘုရားဖြစ်တဲ့ Ha Baek နဲ့ချစ်ကြိုးသွယ်တဲ့လူသားမိန်းကလေးအဖြစ်သရုပ်ဆောင်သွားမှာပါ။ Lim Ju Hwan ကတော့ Hoo Ye ဆိုတဲ့ ကြင်နာတတ်ပြီး ရိုးသားတဲ့သူတယောက်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖုံးလွှမ်းနေတဲ့လုပ်ငန်းရှင် တယောက် Ha Baek ရဲ့အဓိကပြိုင်ဘက်တစ်ယောက်ပေါ့ သူက So Ah နဲ့ အစပထမမှာ အဆင်မပြေတာလေးတွေရှိခဲ့ပြီး နောက်မှာ So-Ah ကို ချစ်မိသွားသူပါ Krystal ကတော့ Hye-ra ဆိုတဲ့လူသားအနေနဲ့ လူ့ပြည် မှာနှစ်ပေါင်းရာကျော်နေထိုင်နေတဲ့ ရေထုကိုသန့်စင်အောင်စောင့်ရှောက်တဲ့နတ်ဘုရားမလေးပေါ့ ခုခေတ်မှာတော့ သူမရဲ့အလှတရားတွေကြောင့် နာမည်ကျော်မင်းသမီးအနေနဲ့ရပ်တည်နေသူပါ ☺ Hye-ra က Ha Baek ကိုတဖက်သတ်ချစ်နေတဲ့အတွက် So Ah ကိုကြည့်မရနေတဲ့သူပေါ့ (စွာတေးတို့ဘယ်လိုတောင်မျက်စောင်းခဲမလဲ မျှော်မိ Gong Myung ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရား Bi Ryum အဖြစ်သရုပ်ဆောင်ပြီး Hye-ra က Ha Baek မှ Ha Baek ဆိုတာသိနေတာတောင်မှ Hye-ra ကိုစွဲလမ်းနေသူပါတဲ့.