Hunter X Hunter! မြန်မာ Anime ပရိသတ်တွေကြားမှာတော့ နာမည်ကြားရုံနဲ့တင် မစိမ်းလောက်တဲ့ Anime တွေထဲကတစ်ခုဖြစ်လောက်မှာပါ။ Shonen Mangaka တစ်ယောက်ဖြစ်တဲ့ Yoshihiro Togashi ရွေးဆွဲထားပြီး Death Note တို့ OPM တို့လို ကားတွေကိုကိုင်ခဲ့တဲ့ Studio ကြီးဖြစ်တဲ့ Madhouse Studio ကနေ ၂၀၀၆ ခုနှစ်ကစပြီးထွက်ရှိခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာရှိတော့မယ် Anime တစ်ခုဖြစ်ပါတယ်။ Anime တွေကြားထဲမှာ Big 5 ထဲထိသတ်မှတ်ကြတာမျိုးမရှိပေမဲ့ fan base တစ်ခု အနေအထားတစ်ခုမှာရှိတယ်ဆိုတာတော့ လက်ခံရပါမယ်။ ဇာတ်လမ်းအခြေစိုက်ရာကတော့ Hunter တွေအရေးပါတဲ့ ကမ္ဘာတစ်ခုပေါ်မှာတည်ထားပြီး Mc ဖြစ်တဲ့ Gon လေးဟာ Hunter တစ်ယောက်အရမ်းဖြစ်ချင်သူပါ။ အကြောင်းအရာကတော့ တစ်ခြားမဟုတ်ပဲ သူ့ကိုပျိုးထောင်ဖို့ထက် Hunter ဖြစ်ဖို့ကိုအလေးပေးပြီး ထွက်သွားခဲ့တဲ့သူ့အဖေတစ်ယောက် ဘာလို့ Hunter တစ်ယောက်ဖြစ်ချင်ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို သိချင်လို့ပါတဲ့။ ဒီလိုနဲ့ နေထိုင်တဲ့ ဝေလကျွန်းကနေ Gon တစ်ယောက် Hunter စာမေးပွဲဖြေဖို့ထွက်လာခဲ့ပြီး လမ်းမှာ သူငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ပုံ၊ Hunter စာမေးပွဲကိုအဆင့်ဆင့်ဖြတ်ကျော်ရပုံံတွေ၊Hunter ဖြစ်ဖို့အခက်အခဲတွေကို Shonen အရသာပျက်မသွားအောင် ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။

အပိုင်းများ

Season 1