ဇာတ်လမ်းအကျဉ်းပင်လယ်ရပ်ခြားက Se Long ဆိပ်ကမ်းမြိုမှာ ရဲမှူးကြီးရဲ့ မွေးစားသမီးဖြစ်သူ Hao Yu ဟာ မြေအောက်မာဖီးယားဂိုဏ်းထဲကို သတင်းပေးအနေနဲ့ လျှိဝှက်ဝင်ရောက်ခဲ့ပြီး မာဖီးယားဂိုဏ်းရဲ့ ဆက်ခံသူ သခင်လေး Ji Zhi Jie ရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ခဲ့ပါတယ်သွေးအေးရက်စက်တဲ့ Ji Zhi Jie ဟာ Hao Yu က ရဲသတင်းပေးမှန်း သိနေရက်နဲ့တောင် ရူးရူးမူးမူး ချစ်မိသွားပြီး အသက်နဲ့ရင်းကာ ကာကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့ သူတိုနှစ်ယောက်ကြားမှာ ဟန်ဆောင်မှုတွေကနေတစ်ဆင့် အစစ်အမှန် သံယောဇဉ်တွေ ဖြစ်ပေါ်လာချိန်မှာပဲ Hao Yu ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ ရဲမှူး Zhou Zi Heng တစ်ယောက် ပြန်လည်ရောက်ရှိလာတဲ့အခါ...သူတိုသုံးယောက်ကြားက ရှုပ်ထွေးတဲ့ အချစ်ရေးအပြင် တရားမျှတမှု၊ နောက်ကွယ်က အမှန်တရားနဲ့ နှလုံးသားရေးရာ... ဒီသုံးခုကြားမှာ Hao Yu တစ်ယောက် ဘာကိုရွေးချယ်ပြီး ဘယ်လို ရှေ့ဆက်သွားမလဲ....ဒီဇာတ်လမ်းကလေးထဲမှာတော့ အသက်အန္တရာယ်တွေ ကြားထဲက သစ္စာဖောက်မှုတွေ၊ အကြိတ်အနယ် တိုက်ခိုက်မှုတွေနဲ့ အတူရဲသတင်းပေးမလေးနဲ့ သူမက သတင်းပေးမှန်းသိရက်နဲ့ အသက်ပေးချစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ အချစ်ကြီးပုံတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာမို Romance ဇာတ်လမ်း ကြိုက်သူတွေ လက်မလွှတ်သင့်သောပါပဲနော်