Crookhaven FHD

Crookhaven

ဇာတ်လမ်းက Gabriel ဆိုတဲ့ လက်မြန်ခြေမြန် ခါးပိုက်နှိုက် ကောင်လေးကနေ စထားပါတယ်။ မိဘမဲ့ဖြစ်ပြီး လမ်းဘေးမှာ ခါးပိုက်နှိုက်ရင်း အသက်မွေးနေရတဲ့ Gabriel ဟာ တစ်နေ့မှာတော့ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ အကဲဖြတ်ခံရပြီးနောက် "Crookhaven" ဆိုတဲ့ လျှို့ဝှက်ကျောင်းတော်ကြီးဆီကို တက်ရောက်ဖို့ ဖိတ်ခေါ်ခံရပါတယ်။ ဒီကျောင်းက သာမန်ကျောင်းတွေနဲ့ လုံးဝမတူပါဘူး။ သော့အမျိုးမျိုး ဖွင့်နည်း၊ စာရွက်စာတမ်း အတုလုပ်နည်း၊ ဟက်လုပ်နည်း၊ လိမ်လည်လှည့်ဖြားနည်းနဲ့ ခြေရာဖျောက်နည်း စတဲ့ ပြစ်မှုဆိုင်ရာ ပညာရပ်တွေကို အဓိက သင်ပေးတာပါ။ ဒါပေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က ဒီလို မကောင်းတဲ့ ပညာတွေကို သင်ပေးနေပေမယ့် သူတို့ကျောင်းရဲ့ ဆောင်ပုဒ်က "မှန်ကန်တဲ့ အကြောင်းပြချက်တွေအတွက် အမှားလုပ်ဖို့" ဆိုတာပါပဲ။ ဆိုလိုတာက ဒီပညာတွေကို သုံးပြီး လူဆိုးတွေ၊ အကျင့်ပျက်လူတွေဆီကနေ ပြန်ခိုးဖို့နဲ့ မတရားခံရသူတွေကို ကူညီဖို့ သင်ပေးနေတာ ဖြစ်ပါတယ်။ Gabriel တစ်ယောက် ဒီကျောင်းမှာ သူ့လိုပဲ အရည်အချင်း ကိုယ်စီရှိကြတဲ့ သူငယ်ချင်းသစ်တွေနဲ့ တွေ့ဆုံပြီး သူခိုးပညာတွေ သင်ယူရင်း၊ ကျောင်းတော်ကြီးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ အန္တရာယ်များတဲ့ စာမေးပွဲတွေနဲ့ သူ့အတိတ်က မိသားစု ပဟေဠိတွေကို ဘယ်လို စွန့်စားဖော်ထုတ်သွားမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစရာ ကောင်းအောင် ကြည့်ရှုရမယ့် ဆယ်ကျော်သက် စွန့်စားခန်း ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်

အပိုင်းများ

Season 1