Seo Yi Gang (Jun Ji Hyun) သည် Jiri Mountain National Park ရဲ့ အကောင်းဆုံးနှင့် တောင်အရေးကျွမ်းကျင်လှတဲ့ နယ်ခံရိန်းဂျားတစ်ဦး သူမရဲ့နာမည်ပြောင်ကတော့ Devil Seo။ Kang Hyun Jo (Ju Ji-Hoon) ကတော့ စစ်တပ်က ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပြီးတော့ Jiri တောင်ပေါ်က ပျောက်ဆုံးသွားတဲ့လူတွေရဲ့တည်နေရာကို မျက်လုံးကနေမြင်ယောင်နေတဲ့ အတွက်ကြောင့် အဲ့ဒီပဟေဠိကိုအဖြေရှာဖို့အတွက် ရိန်းဂျားဖြစ်လာသူ။ Jirisan : Jiri ဆိုတာကတော့ နာမည်ဖြစ်ပြီးတော့ san ဆိုတာကတော့ ကိုရီးယားလို “တောင်”လို့အဓိပ္ပာယ်ရပါတယ်။ ဂျီရီတောင်ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ရှေးအကျဆုံး တောင်ဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ ဂျီရီတောင်ထိပ်မှာဆို ကိုရီးယားလူမျိုးတွေရဲ့ အထိမ်းအမှတ်မော်ကွန်းတိုင်လည်းရှိပါတယ်။ အဲ့လိုလေးနက်တဲ့အဓိပ္ပာယ်တွေနဲ့ ပြည့်နှက် နေတဲ့ ဂျီရီတောင်ကိုလာကြတဲ့ လူတွေဟာဆိုရင်လည်း အကြောင်းပြချက်ကိုယ်စီပိုက်ပြီး လာလေ့ရှိကြပါတယ်။ အဲ့လိုဂျီရီတောင်ပေါ်မှာ လူသေမှုတွေခဏခဏပေါ်ပေါက်လာတဲ့အခါ မှာတော့ ဒီလူသေမှုတွေဟာ တစ်စုံတစ်ရောက်ရဲ့နောက်ကွယ်ကကြိုးကိုင်မှုတစ်ခုဖြစ်သလို ပရလောကနဲ့လည်း ဆက်စပ်နေပြန်တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက တံခါးတစ်ချပ် ကိုရှာဖွေဖို့ဖြစ်လာတဲ့အခါ….Mystery, Fantasy, Thriller, Action ဒီလိုရသစုံစုံနဲ့ရိုက်ကူး ထားတာဖြစ်တဲ့အတွက် သဲထိတ်ရင်ဖိုဇာတ်လမ်းမျိုးကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။