ဇာတ်လမ်းအကျဉ်း စာသင်သားလေး Bai Shanjun ဟာ ဘယ်အောက်လမ်းမှော်အတတ် ဘယ်နတ်ဒေဝါ ဘယ်တစ္ဆေသရဲတွေကိုမှ မယုံကြည် မကိုးကွယ်ဘဲ လက်တွေ့မျက်မြင်ကိုပဲ အခိုင်အမာယုံကြည်တဲ့သူဖြစ်ပါတယ်ဒါပေမဲ့ တစ်နေ့မှာတော့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သေခြင်းရှင်ခြင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အမှောင်ထုနယ်မြေ ယင်ယန်ကူးတိုဆိပ်ထဲကို အမှတ်မထင် ကျူးကျော်မိသွားခဲ့ပါတော့တယ်အဲဒီနေရာကတော့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီး စွမ်းအင်ထက်မြက်လှတဲ့ မိစ္ဆာမလေး Liu Fufeng ကြီးစိုးရာ နယ်မြေ ဖြစ်နေခဲ့ပါတယ် Bai Shanjun တစ်ယောက် ပိတ်မိသွားတဲ့အချိန်မှာပဲ သူတိုနှစ်ယောက်လုံး သတိမထားမိတဲ့ လျှိဝှက်ချက်ကြီးတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကတည်းက သူတိုနှစ်ဦးဟာ အသက်ဝိညာဉ်ချင်း နှောင်ဖွဲထားတဲ့ ကတိသစ္စာကို အတူတူ ထားရှိခဲ့ဖူးတာပဲဖြစ်ပါတယ်လက်တွေ့ကိုပဲ ယုံတဲ့ လူသားစာပေသမားနဲ့ မိစ္ဆာမလေးက အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ခဲ့ပေမဲ့ အမုန်းကနေတစ်ဆင့် သံယောဇဉ်တွေ ဘယ်လိုငြိတွယ်လာခဲ့ကြမလဲ..... ဒီအမှတ်မထင် ဖြစ်ပေါ်လာတဲ့ ဆုံစည်းမှုနဲ့ အချစ်ဇာတ်လမ်းလေးရ တကယ်တော့ ကောင်းကင်ဘုံက ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာ လမ်းကြောင်းပေါ်မှာတင် မလွဲမသွေ လည်ပတ်နေတာဖြစ်နေသောအခါ ..... လူသားနဲ့မိစ္ဆာဖြစ်တဲ့ သူတိုနှစ်ယောက် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ဘာတွေဆက်ကြုံတွေ့ရမလဲ ကဲ စာသင်သားလေးနဲ့ မိစ္ဆာမလေးရဲ့ချစ်ကြမ္မာခရီးလမ်းကို အခုပဲ အတူလိုက်ပါကြည့်ရှုလိုက်ကြရအောင်