ဇာတ်လမ်းလေးကတော့ မင်းသမီးတစ်ဦးရဲ့ ဘဝကိုဇာတ်လမ်း အခြေခံ ရိုက်ကူထားတဲ့ နန်းတွင်းအာဏာလုယက်မှုတွေ၊ သိုင်းလောကရဲ့ ရန်အငြိုးအတေးတွေကိုကြည့်ရှုခံစားရမှာဖြစ်ပြီး အချစ်နဲ့ တာဝန်ကြား ကရွေးချယ်ရခက်တဲ့ အခြေအနေတွေကို အဓိကထား ရိုက်ကူးထားတဲ့နန်းတွင်းဇာတ်ကားလေးဘဲဖြစ်ပါတယ်ခင်ဗျာ....ဇာတ်လမ်းထဲမှာပါတဲ့...ဇာတ်ကောင်တိုင်းမှာ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ လျှို့ဝှက်ချက်တွေလဲ ရှိတာကြောင့် ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုတာ ခန့်မှန်းရခက်ပြီး အပိုင်းတစ်ပိုင်းပြီးတစ်ပိုင်း စိတ်ဝင်စားစရာကောင်းလာမှာဘဲဖြစ်ပါတယ်ခင်ဗျာ...ဒီဇာတ်ကားက ခေတ်ဟောင်းသိုင်းကားတွေရဲ့ အရသာကို ကောင်းကောင်းပေးနိုင်တဲ့ကားဖြစ်ပြီး၊ ဇာတ်လမ်းအလှည့်အပြောင်းနဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို အလေးထားတင်ဆက်ထားတာကြောင့် အခုချိန်ပြန်ကြည့်လည်း တန်တဲ့ကားတစ်ကားလို့ ပြောလို့ရပါတယ်။