ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ကားလေးက Bad Guys: Vile City(2017) ဆိုတဲ့ကိုရီးယားအက်ရှင်ဇာတ်လမ်တွဲလေးပါ။ ဆောဝန်မြို့ဆိုတာမကောင်းမှုဒုစရိုက်တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။အရှေ့လူမိုက်ဂိုဏ်းလို့ခေါ်တဲ့ လူဆိုးဂိုဏ်းကဒုစရိုက်မှုမှန်သမျှကိုထိန်းချုပ်လုပ်ကိုင်နေပြီး ထိုအဖွဲ့ကိုနောက်ကွယ်ကချုပ်ကိုင်နေသူက မြို့မျက်နှာဖုံးသူဌေးကြီး ဂျိုယောင်ဂုတစ်ယောက်ပါ။အမှုစစ်တစ်ယောက်ဖြစ်တဲ့ နိုဂျင်ဖြောင်းတစ်ယောက် သူ့ရဲ့အစ်ကိုရင်းလိုခင်မင်ရတဲ့ အမှုစစ်တစ်ယောက်သေဆုံးမှုကို စုံစမ်းရင်း အဖွဲ့တစ်ခုဆီရောက်သွားပါတယ်။အဆိုပါအဖွဲ့မှာရဲရော အမှုစစ်တွေရော လူမိုက်တွေရော ဂျစ်ပစီလိုလူတွေအကုန်ပါဝင်နေပါတယ်။သူတို့အားလုံးက တကယ်ကြမ်းရမ်းပါတယ်ဆိုတဲ့လူတွေနဲ့ပဲဖွဲ့ထားတာပါ။ဒါပေမယ့် တရားမျှတမှုအတွက် ဒုစရိုက်မှုတွေကိုရှာဖွေဖော်ထုတ်ရင်း အာဏာပိုင်အထက်အရာရှိတွေနဲ့ပတ်သတ်နေတဲ့ ဂျိုယောင်ဂုနဲ့ ထိပ်တိုက်ရင်ဆိုင်မိတဲ့အခါ ဘယ်သူကဘယ်လောက်ထိရက်စက်ပြီးကြမ်းကြုတ်နိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။အက်ရှင်ဇာတ်လမ်းတွဲကြိုက်သူတွေအတွက် ဖိုက်တင်အခန်းတွေ တစ်ဝကြီးကြည့်ရှုရမှာမို့လို့ စိတ်ကျေနပ်မှုရစေမှာပါ။