"အရမ်းချစ်ရတဲ့ အရာကို တစ်စုံတစ်ဦးက ဖျက်ဆီးလိုက်တာကြောင့် အမုန်းတရားတွေပြည့်နက်နေတဲ့ လူတစ်ယောက်ရဲ့ လက်စားချေခြင်း" စုန်းမတွေဟာ လူသားမျိုးနွယ်ကို ဉာဏ်ပညာနဲ့ငြိမ်းချမ်းခြင်းကို ဆောင်ကျဥ်းပေးခဲ့လေတယ်။ ဒါပေမဲ့ Redia အင်ပါယာရဲ့ ''Gear Expansion'' သိပ္ပံနည်းပညာက စုန်းမတွေရဲ့မှော်ထက် သာလွန်တဲ့အစွမ်းကို ပေးနိုင်တဲ့အခါ၊ မှော်က လူသားမျိုးနွယ်တိုးတက်မှုကို နှောင့်နှေးစေတယ်ဆိုပြီး စုန်းမတွေအကုန်လုံးကို ရန်သူတွေလိုသတ်မှတ်ကာ အမဲလိုက်ပါတော့တယ်။ Adonis ဆိုတဲ့လူသားဟာ Chloe လိုအမည်တွင်တဲ့ စုန်းမရဲ့စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာသူပါ။ ဒါပေမဲ့လည်း လူသားမျိုးနွယ်က သူအရမ်းချစ်ရတဲ့ စုန်းမ Chloe ကို သတ်ပစ်လိုက်တာကြောင့် Adonis ဟာ လူသားမျိုးနွယ်တစ်ခုလုံးကို လက်စားချေဖိုဆုံးဖြတ်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့...