Your Personal Taxi FHD

Your Personal Taxi

Drama FHD 2026

"အထီးကျန်ဆန်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ နေ့ရက်မျိုးမှာ ဖုန်းတစ်ချက်ခေါ်လိုက်ရုံနဲ့ အရောက်လာပေးမယ့် ဒရိုင်ဘာဂိုရဲ့ သီးသန့်တက္ကစီလေး..." တက္ကစီဆိုပေမဲ့ လူတိုင်းကိုတော့ တင်မခေါ်ပါဘူး။ကြိုတင် သီးသန့်ခေါ်ယူထားတဲ့ ပုံမှန်စီးနေကျ ခရီးသည်တွေသာ စီးနင်းခွင့်ရှိမှာဖြစ်ပြီး ခရီးစဉ်တစ်လျှောက်မှာလည်း ခရီးသည် နားထောင်ချင်တဲ့ သီချင်းကို ဖွင့်ထားပေးမှာပါ။ ဒီတက္ကစီလေးပေါ်မှာတော့ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ မလိုပါဘူး။ ဘယ်လို အိပ်မက်မျိုး ၊ ဘယ်လို အမှတ်တရမျိုးကမှ ပြက်ရယ်ပြုခြင်းခံရမှာ မဟုတ်သလို ကိုယ် တွေ့ကြုံခဲ့ရတဲ့ ပျော်ရွှင်ဖွယ် ၊ ဝမ်းနည်းဖွယ် ဘဝဇာတ်ကြောင်းအဖုံဖုံကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလို့ ရပါတယ်။ခရီးသည် တစ်ဦးတည်းကသာ အဓိကဇာတ်ဆောင်လို အထူးတလည် ဆက်ဆံခံရမယ့် နေရာလေးပေါ့။ ဒါဆိုရင် ဘယ်ခရီးသည်တွေက ဘယ်လို ဇာတ်လမ်းမျိုးနဲ့အတူ ဒီတက္ကစီလေးပေါ်မှာ လိုက်ပါစီးနင်းဖြစ်ကြမလဲ...။ တက္ကစီတွင်းက လွင့်ပျံ့နေတဲ့ တေးသံတွေ ၊ ဒရိုင်ဘာဂိုရဲ့ နှစ်သိမ့်စကားသံတွေနဲ့အတူ နှလုံးသားကို အနွေးဓာတ်လေး ဖြည့်တင်းပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ ခရီးသည်တွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးမယ့် ဒရိုင်ဘာဂိုအဖြစ် My Sassy Girl နဲ့ အသည်းစွဲခဲ့ရတဲ့ မင်းသား Cha Tae-Hyun အပြင်၊ ခရီးသည်များအဖြစ် Lee Yeon-Hee , Lee Kyoo-Hyung , Lee Jae-In , Lim Se-Mi , OH MY GIRL အဖွဲဝင် Mimi , Joo Jong-Hyuk , Ye Ji-Won အစရှိတဲ့ ကေဒရမ်မာ ပရိသတ်ကြီးတွေ ရင်းနှီးပြီးသား သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။

အပိုင်းများ

Season 1