Severance FHD

Severance

Series တွေထဲမှာ အသေးစိတ်အထိ အချက်အလက်ကျကျ ဂရုစိုက်တဲ့ Series မျိုးက ခပ်ရှားရှားပါပဲ... ဒီ Severance ကတော့ အဲ့လို ရှားပါးတဲ့ Series တွေထဲမှာတစ်ခုအပါအဝင်ပါ။ Apple Tv+ က ထုတ်လုပ်ထားခဲ့ပြီး တကယ့် Quality Series မို့ ညဘက်မှာ ကော်ဖီသောက်ရင်း အေးဆေးကြည့်သင့်တဲ့ဇာတ်ကားမျိုးပေါ့... Lumon ဆိုတဲ့ ကုမ္ပဏီက သိပ္ပံဆိုင်ရာ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေမှာ ခေတ်ရှေ့ပြေးပြီး သူတို့ရဲ့ Employee တွေကို Severance ဆိုတဲ့ ဦးနှောက်ခွဲစိပ်မှုတစ်ခုလည်း ပြုလုပ်ပေးထားပါတယ်။ Severance ဆိုတာကတော့ ဦးနှောက်ကို စိတ်နှစ်မျိုးခွဲခြားပေးထားတဲ့ နည်းစနစ်တစ်ခုပါ။ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာမှမမှတ်မိသလို၊ အပြင်ကိုရောက်ရင်လည်း အလုပ်ထဲကကိစ္စတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဘယ်လောက်ထိအလုပ်ဖြစ်သလဲဆို သူဌေးမတစ်ယောက်က ကလေးမွေးတဲ့အခါ နာကျင်မှုကို မခံစားချင်လို့ Severance လုပ်ထားပြီး သူ့ရဲ့ အခြားစိတ်တစ်ခုကိုပဲ ကလေးမွေးခိုင်းပါသတဲ့ဗျာ။ အဲ့လောက်ထိကို အလုပ်ဖြစ်တာပါ… Severance လုပ်ထားပြီဆိုရင် ကိုယ့်ရဲ့ အသိစိတ်က အလုပ်ချိန်မှာ ပျင်းပျင်းနဲ့ တစ်ချိန်လုံး ထိုင်နေစရာမလိုတော့ပဲ အလုပ်ထဲရောက်ပြီဆိုရင် ခွဲခြမ်းထားတဲ့ စိတ်က ဆက်ပြီးအလုပ်လုပ်ပေးနေမှာဖြစ်ပြီး ကိုယ့်ရဲ့အသိစိတ်က အိမ်ကိုပြန်တဲ့အခါမှ ပြန်ပြီး ထိန်းချုပ်မှုရတာမျိုးဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ကိုရောက်ရောက်ခြင်း အိမ်ကို တန်းပြန်ရသလို ခံစားချက်မျိုးရနေမှာပါ။ ဒါပေမယ့် ခွဲခြမ်းထားတဲ့ စိတ်ကတော့ တစ်ချိန်လုံး အလုပ်ပြီးရင် အလုပ်၊ အလုပ်ကနေအိမ်ပြန်မယ်ဆိုလည်း အလုပ်ထဲပဲ ပြန်ရောက်လာတာမို့ ဖိအားတွေဖြစ်လာပါတော့တယ်။ သူတို့အနေနဲ့အထဲမှာဘယ်လိုအခြေအနေတွေကြုံတွေ့ရတယ်ဆိုတာကိုလည်း Original သိစိတ်ကို ပြန်ပြီးအသိပေးလို့လည်း မရနဲ့ နောက်ဆုံး အခန်းထဲက Employee တွေပေါင်းပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ Lumon ကုမ္ပဏီကနေ ဖောက်ထွက်ဖို့ ကြိုးစားကြပါတော့တယ်။ Lumon ကုမ္ပဏီဆိုတာကလည်း အများထင်သလို မဟုတ်ဘဲအထဲမှာရော ဘာတွေဖြစ်ပျက်နေတာလဲ? သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘဝရယ် ကုမ္ပဏီရဲ့လျို့ဝှက်ချက်တွေရယ် တဖြည်းဖြည်းပေါ်လာတာကို ပဟေဠိအနေနဲ့ ကြည့်ရှုရမှာပါ။ နာမည်ကြီး သရုပ်ဆောင် Ben Stiller ကဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ thriller series ဖြစ်ပြီး Adam Scott, Brit Lower တို့အပြင် ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Christopher Walkenနဲ့ John Turturro ပါ၀င်ထားပါတယ်။ဇာတ်လမ်းကလျှိ့ဝှက်ဆန်းကြယ်ပြီး ယနေ့ခေတ်ရဲ့ပြောင်းလဲလာတဲ့ စံနှုန်း‌တွေကို မှတ်ချက်ပြုထားပါတယ်။