Exclusive Fairytale FHD

Exclusive Fairytale

Drama Family FHD 2023

တစ်ခါတစ်လေကျတော့ ဖူးစာဖက်ဆိုတာမွေးကတည်းကကံကြမ္မာကနေသတ်မှတ်ထားပြီးသားဆိုတဲ့အတိုင်းဒီဇာတ်လမ်းလေးထဲမှာ လင်ချောင်နဲ့ရှောင်ထူတို့ကငယ်သူငယ်ချင်းတွေပေါ့။သူငယ်ချင်းတွေမက နှစ်ဖက်မိဘတွေကအစရင်းနှီးကြပြီးမူကြိုကနေ အထက်တန်းအထိသူငယ်ချင်းတွေပေါ့။တစ်ခါတော့လင်ချောင်ကသူ့ကိုယ်သူရှောင်ထူကိုချစ်မိသွားတာကို သတိထားမိပြီးရှောင်ဖယ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ သူ မသိသေးတာကတော့ရှောင်ထူနှလုံးသားတစ်ခုလုံးက လင်ချောင်အပိုင်ဖြစ်နေတယ်ဆိုတာပဲ။တစ်နေ့မှာ ရှောင်ထူနှလုံးသားရဲ့ပိုင်ရှင်ကိုပိုင်ဆိုင်ရသူကိုယ်တိုင် သိလာရတဲ့အချိန်မှာတော့ဘယ်လိုအချိုလေးတွေကျွေးကြမလဲ။ဘယ်လိုကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးတွေဖန်တီးကြမလဲ စတဲ့ပေါ့ပေါ့ပါးပါးလူငယ်ကျောင်းသားအချစ်ဇာတ်လမ်းလေးကို CM ကနေတရုတ်ဇာတ်လမ်းတွဲချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမှာဆိုတော့ စောင့်မျှော်ကြည့်ရူလိုက်ရအောင်။ဇာတ်လမ်းလေးထဲမှာတော့ Seventeen Kpop group ထဲကတရုတ်ကောင်လေး Jun (Wen Jun Hui) ကလင်ချောင်အဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်