Synopsis of Social Currency (2023)Social Currency (2023)=========ညိုချောလေးတွေကို ငမ်းရမယ့် အိန္ဒိယ Reality Showလေးလာပါပြီ။ဒါမျိုးရှိုးတွေကိုဘာကြည့်ရမလဲမေးရင် သူတို့ရဲ့အလှအပ ဝတ်ပုံစားပုံစကားပြောကြပုံတွေကိုကြည့်ရတာကိုက အရသာရယ်လို့ပဲပြောရမလား။Influencerဆိုတာ လူအများကို လွှမ်းမိုးထားနိုင်တဲ့ ဆယ်လီတွေကိုခေါ်တယ်လို့ယေဘုယျမှတ်ကြပါစို့။နယ်ပယ်အသီးအသီးမှာ အောင်မြင်နေပြီးလူပေါင်းများစွာကိုသူတို့ပြောလိုက်ပြီဆိုတာနဲ့ အဟုတ်ပဲ အကောင်းပဲလို့ထင်မှတ်အောင်ထိ လွှမ်းမိုးထားနိုင်သူတွေပေါ့။ဆိုရှယ်မီဒီယာမှာ ပို့စ်လေးတခု ဗီဒီယိုလေးတပုဒ်နဲ့တင် ပိုက်ဆံအများကြီးရှာနိုင်ကြသူတွေ။ဖုန်းဆိုတာလည်း သူတို့အတွက်မရှိမဖြစ်လိုအပ်ချက်ထဲပါတာပေါ့။ဒီလို နယ်ပယ်အသီးသီးက အန်ဖလူရန်စာတွေထဲကမှ နာမည်ကြီးရှစ်ယောက်ကိုရွေးပြီးသူတို့ရဲ့ဖော်လိုဝါတွေ ဖန်တွေအများကြီးဆီကနေဆွဲထုတ်သူတို့ရဲ့ဖုန်းတွေအကုန်သိမ်းပြီး ဖော်လိုဝါဇီးရိုးနဲ့ အကောင့်အသစ်နဲ့ယှဉ်ပြိုင်မှုတွေလုပ်ခိုင်းတဲ့အခါတကယ့်လောကထဲမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခိုင်းတဲ့အခါမထင်မှတ်ထားတဲ့ စိန်ခေါ်မှုအရပ်ရပ်တွေနဲ့ရင်ဆိုင်ကြတဲ့အခါ ဘာဆက်ဖြစ်မလဲဘယ်သူကရောအနိုင်ရသွားမလဲဆိုတာ တပိုင်းပြီးတပိုင်းဆွဲဆောင်မှုရှိရှိနဲ့ တင်ဆက်သွားမယ့်ရှိုးလေးပဲဖြစ်ပါတယ်။