Synopsis of Barons (2022) CompleteBarons (2022) Complete Limited Seriesဒီတစ်ခါ မိတ်ဆက်ပေးမယ့် စီးရီးလေးကတော့ ၁၉၇၀ နှစ်ပိုင်း သြစတြေးလျနိုင်ငံ လှိုင်းစီးဝတ်စုံလောကမှာ ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ ဘေလာဘွန်းနဲ့ ကွစ်ဆေးဗားကို ကျောရိုးယူရိုက်ထားတဲ့ သြစတြေးလျ ဒရာမာစီးရီးကောင်းလေး Barons ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~တရော့နဲ့ စနတ်ပါဆိုတဲ့ သူငယ်ချင်းနှစ်ယောက် လှိုင်းစီးဝတ်စုံကုမ္ပဏီတစ်ခုကို အတူတူလုပ်ကိုင်နေရင်း တွေးခေါ်ပုံ ရှေ့ဆက်လျောက်မယ့်အစီအစဥ်တွေမတူတော့တဲ့အတွက် လမ်းခွဲလိုက်ကြတဲ့အခါ အချစ်ဆုံးသူငယ်ချင်းတွေကြား ဖြစ်လာမယ့် ကတောက်ကဆတွေ လူငယ်ကားပီပီ အချစ်ရေးဇာတ်ရှုပ်တွေ ကျရှုံးမှုတွေ အောင်မြင်မှုတွေကို ရသပေါင်းများစွာနဲ့ ကြည့်ရှုရပါလိမ့်မယ်။