ဒီဇာတ်ကားလေးကတော့သူငယ်ချင်းလေးယောက်အကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့….. ၂၀၀၆ ခုနှစ် နယ်မြို့လေးတစ်မြို့မှာ အထက်တန်းကျောင်းသူကျောင်းသားလေးယောက်။ လူငယ်ပီပီ ရိုးသားတယ် ပွင့်လင်းတယ် စိက်ကူးယဉ်အိပ်မက်ကိုယ်စီနဲ့ပေါ့။“ဂိုဒုန်မန်” (Hwarangကားထဲက ခွေးငှက် Park Soe Joon) ——– သူကတော့ တိုက်ကွမ်ဒိုကစားသမားလေး။သူရဲ့ခြေကန်ချက်တွေနဲ့ ကျောင်းသားအားကစားပွဲတော်တွေမှာ ထူးချွန်ပြီး ကျောင်းသူတွေကြားထဲ ရေပန်းစားသူလေး။သူ့ရဲ့စိတ်ကူးအိပ်မက်တွေကတော့ ထိုင်း Onebak မင်းသားလို အကောင်းဆုံးတိုက်ခိုက်ရေးအားကစားသမားဖြစ်ချင်သူလေး“ချွဲအယ်ရာ”( အားလုံးရဲ့အချစ်တော် DOTS ထဲက မြောင်ဂျူး Kim Jin Won )——-စာမတော်ပေမယ့်လည်း တစ်နေ့ကျရင်တီဗွီမှာ အစီအစဉ်ကြေငြာသူတစ်ယောက်ဖြစ်ချင်သူ။ပွင့်လင်းတယ် စိတ်ဆတ်တယ် အကြံအဖန်တွေလည်းလုပ်တတ်တယ်“ဘက်ဆဲလ်ဟီး” (Touching Youဆိုတဲ့ကားထဲကမင်းသမီး Song Ha Yoon) …….. သူရဲ့စိတ်ကူးယဉ်အိပ်မက်လေးကတော့ရှိးရှင်းတယ် အိမ်ထောင်ရှင်မကောင်းတစ်ယောက်သာဖြစ်ချင်သူလေး“ဂျိုမန်” (Reply 1988 ထဲမှာ ပေါတောတော အကိုကြီးAhn Jae Hoon.) ……….သူကတော့ အစားအသောက်ကောင်းတွေကြိုက်တတ်သလို အရသာကိုလည်းခွဲခြားသိတယ်။အစားအသောက်ကောင်း လေးတွေကို ဖန်တီးပေးချင်တဲ့သူ။ဒီငယ်သူငယ်ချင်းလေးယောက် အခုလက်ရှိ ၂၀၁၇ မှာကော ဘဝကို ဘယ်လိုတွေများ ဖြတ်သန်းနေမလဲ။လက်တွေ့ဘ၀ နဲ့ ငယ်ငယ်က စိတ်ကူးယဉ်အိပ်မက်တစ်ထပ်တည်းကျပါ့မလားလူတိုင်းလူတိုင်း ငယ်ငယ်က ကိုယ်စီစိတ်ကူးအိပ်မက်တွေရှိကြပါတယ်။တကယ်ဖြစ်လာတဲ့သူတွေရှိသလို စိတ်ကူးနဲ့တခြားစီ ဖြစ်နေတဲ့သူတွေလည်း အများကြီးပါ။တစ်ချို့လည်း ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းတောင် မသိတဲ့သူတွေလည်း အများကြီးပါ။ဒီကားလေးက သာမန်ရိုးကျ အချစ်သီးသန့်ကားလေးမဟုတ်သလို စိတ်ကူးယဉ် ဇာတ်လမ်းမျိုးလည်း မဟုတ်ပါဘူး။တကယ့်လက်တွေ့မှာ သာမန်လူတန်းစားတွေ ကြုံတွေ့နေရတဲ့တကယ့် လက်တွေ့ဘဝကို မြင်တွေ့ခံစားနိုင်မယ့် ဇာတ်ကားမျိုး။တကယ်ပဲ ခက်ခဲတဲ့ဘဝခရီးမှာ ဖြစ်နေတဲ့ဘ၀ နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘဝကြားမှာ ကိုယ်ရဲ့ပန်းတိုင်ကိုအရောက်သွားဖို့ ရင်ဆိုင်ကျော်လွားရဖို့ ခွန်အားတွေပေးမယ့်ဇာတ်ကားမျိုး။သူတို့ရဲ့ငယ်သူငယ်ချင်း သံယောဇဉ်လေးတွေ ကြည့်ပြီး ကိုယ်တွေရဲ့ငယ်သူငယ်ချင်းလေးသံယောဇဉ်လေးအမှတ်တရလေးတွေ ပြန်အောက်မေ့မိမယ့်ဇာတ်လမ်းမျိုး။သူငယ်ချင်းအချစ်ကို အကောင်းဆုံးပုံဖော်ပေးနိုင်မယ့် ဇာတ်လမ်းလေးပါပဲ။