Synopsis of Bros On Foot (2023)Bros on Foot (2023)ဒီအစီအစဉ်ကတော့ လူ ၄ ယောက်က မစ်ရှင်ဖြင့် ခရီးထွက်ကြမဲ့ Bros on foot ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။မစ်ရှင်တစ်ခုပြီးမြောက်တိုင်း Dream Ticket ကို ရရှိမှာပါ။ထို Dream Ticket ကို အများပြည်သူ ခရီးသွားလာနိုင်ဖို့အတွက် အသုံးပြုမှာဖြစ်ပြီး Ticket များနိုင်သမျှ များအောင် ကြိုးစားရမှာဖြစ်ပါတယ်။ဒီခရီးသွားအစီအစဉ်မှာ ပါဝင်ကြမဲ့ သူတွေကတော့– Along with the Gods ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ နာမည်ကျော်ဆုရသရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး Ha Jung Woo– နာမည်ကြီး Kingdeom စီးရီးရဲ့ ဇာတ်ဆောင်မင်းသား Ju Ji Hoon– Hotel Delluna ဇာတ်လမ်းတွဲက မင်းသားချော Yeo Jin Goo နဲ့– SHINee အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် Choi Minho တို့ပဲ ဖြစ်ပါတယ် ။“ငါ ဒုက္ခခံပေးမယ်၊ မင်းတို့ခရီးထွက်နိုင်ပါတယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်းသူတို့ ၄ ယောက်က မစ်ရှင်တွေကို စေတနာထားပြီး တာဝန်သိစိတ်ဖြင့် ပျော်ရွှင်စွာကြိုးစားလုပ်ကြတာကို မြင်တွေ့ရမှာပါ။အံ့သြဖွယ်ကောင်းတဲ့ ရှုခင်းတွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့အတူ သရုပ်ဆောင်များကြားက အံ့သြဖွယ်တွဲဖက်ညီနေမှု တွေကိုလည်း မြင်တွေ့ရဦးမှာဖြစ်လို့ အခုပဲ အတူတူ ကြည့်လိုက်ရအောင်နော် ။