Everything Now (2023)=================IMDb Rating – 6.7/10ပရိတ်သတ်ကြီးတို့အနေနဲ့ ကျောင်းရက်ရှည်ပျက်ဖူးတာမျိုးရှိပါသလား။ကျောင်းရက်ရှည်ပျက်ပြီး ကျောင်းပြန်တက်တဲ့အခါ စာသင်ခန်းထဲ ခြေချလိုက်တာနဲ့ စာတွေရော၊ အတန်းထဲဖြစ်ပျက်တဲ့ကိစ္စတွေဘာတွေရော ခေတ်တစ်ခေတ်စာလောက် နောက်ကျသွားသလိုမျိုး ခံစားရတယ်ဟုတ်။မီယာဟာ ‘Anorexia’ဆိုတဲ့ စိုးရိမ်ဖွယ်အဆင့် ခံတွင်းပျက်ခြင်း၊ အလွန်ကိုယ်အလေးချိန်ကျဆင်းတဲ့ရောဂါကြောင့် ကျောင်း(၇)လနားပြီးဆေးရုံတက်ခဲ့ရတဲ့ အသက် (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ပါ။သူကျောင်းပြန်တက်ရတဲ့အချိန်မှာ သူငယ်ချင်းတွေရော၊ ကျောင်းကအခြေအနေတွေရောက သူ့ထက် အများကြီး ခေတ်ရှေ့ရောက်နေသလို ခံစားလိုက်ရပါတယ်။အဲဒါကြောင့် သူလည်းတခြားသူတွေလို ရေစီးကြောင်းကို လိုက်မီဖို့ဆယ်ကျော်သက်ပီပီ အသည်းအသန်ကြိုးစားတော့တာပေါ့။ဒါပေမဲ့ သူ့ရောဂါက လုံးဝအရှင်းမပျောက်သေးတဲ့အပြင် ပစ်ထားလိုက်လို့ရတဲ့ရောဂါမျိုးလည်း ဟုတ်မနေပါဘူး။ဆိုတော့ကာ (၇)လခေတ်နောက်ကျသွားပြီး အရိပ်မည်းကြီးလိုလိုက်နေတဲ့ရောဂါအခံရှိတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးမီယာတစ်ယောက် ရွယ်တူတွေကြားမှာကြိုးစားနေထိုင်ရတဲ့ဘဝကို“Everything Now”ဆိုတဲ့ Comedy-Drama series လေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။