Synopsis of The Bequeathed (2024)[Complete]The Bequeathed (2024)***********************အပိုင်း(၁ မှ ၆) အထိ စ/ဆုံးThe Bequeathed စီးရီးဟာ တစ်ချိန်က ဂွီဒေါက်နာမည်နဲ့ ပရိတ်သတ်ရင်ထဲ ရောက်ခဲ့တဲ့မင်းသမီးကြီး ယွန်းဆိုဟာက Kim Hyun-Joo အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့လျှို့ဝှက်ဆန်းကျယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဦးလေးကွယ်လွန်ပြီးနောက်Kim Hyun-Joo တစ်ယောက် ဦးလေးဖြစ်သူရဲ့ မိသားစုသင်္ချိုင်းကို အမွေဆက်ခံခဲ့တယ်။အဲဒီအချိန်ကစပြီး Yoon Seo-Ha ဟာဆိုးရွားတဲ့ အဖြစ်အပျက်အချို့နဲ့ ပတ်သက်လာခဲ့ပါတယ်။သူမကို ပိုလို့တောင် ရှုပ်ထွေးသွားစေခဲ့တာကတော့ မောင်လေး Ryoo Kyung-Soo ပါ။ဒီအတောအတွင်း စုံထောက် Park Hee-Soonက ရွာမှာဖြစ်ပွါးခဲ့တဲ့ မကြာသေးမီကအဖြစ်အပျက်များက Yoon Seo-Haရဲ့ မိသားစုင်္သချိုင်းနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။သူက ဒီကိစ္စကိုဆက်လက်စုံစမ်းဖို့လုပ်ပါတော့တယ်။ Choi Sung-Joon ဟာသူအလုပ်လုပ်တဲ့ စုံထောက်အဖွဲ့ရဲ့အကြီးအကဲ Park Byung-Eun နဲ့ ရန်လိုတဲ့ဆက်ဆံရေးရှိနေပါတယ်။အတိတ်က အဖြစ်အပျက်တစ်ခုကြောင့် Choi Sung-Joon အပေါ် မှာ သူ့အကြီးအကဲက မနာလိုစိတ် ရှိနေလို့ပဲဖြစ်ပါတယ်။Kim Hyun-Joo တစ်ယောက် ရှေ့လျှောက် ဘယ်လိုလျှို့ဝှက်သည်းဖို အဖြစ်အပျက်တွေ ကြုံတွေ့ရမလဲအမွေရထားတဲ့ သင်္ချိုင်းနောက်ကွယ်က ဇာတ်လမ်းက ဘာဖြစ်မလဲ ဝါရင့်သဘာရင့် အနုပညာရှင်တစ်ယောက်ရဲ့ပီပြင်လှတဲ့ သည်းထိတ်ရင်ဖိုအခန်းတွေပါလာမလဲ ဆိုတာတော့ ဆက်လက်ခံစား စောင့်ကြည့်ပေးကြပါဦး။