Netflix ကအသစ်စက်စက်ထွက်ရှိထားတဲ့ Italian seriesတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီစီးရီးဟာ Italian pornstar Rocco Siffredi ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rocco ရဲ့ငယ်ဘဝဇာတ်ကြောင်းတွေ ၊သူအပြာရုပ်ရှင်မင်းသားဖြစ်လာမယ့်လမ်းကြောင်းကို ဘယ်လိုရောက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေနဲ့အဲ့ကနေမှရရှိခဲ့တဲ့ Trauma တွေ၊ စိတ်ရောဂါတွေ၊ ဒါတွေကိုဇာတ်လမ်းတင်ဆက်ပုံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပါ။မိတ်ဆွေတိုကြည့်ဖူးနေကျ pornတွေရဲ့နောက်ကွယ်မှာဘယ်လိုဖိအားတွေရှိနေမလဲ၊ အဲ့ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ကြတဲ့သူတွေကရော ဘာတွေပေးဆပ်ခဲ့ရတာလဲ၊ သူတိုဘာလိုဒီလောကထဲကိုဝင်ဖိုဆုံးဖြတ်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းတွေကိုဒီစီးရီးကအဖြေပေးသွားပါလိမ့်မယ်။Pornstar တစ်ယောက်ရဲ့ biography ကားဖြစ်တဲ့အလျှောက်အဖော်အချွတ်ခန်းတွေအများကြီးပါဝင်တာမို အသက် 18နှစ်အောက်များအတွက်တော့ ကြည့်ရှုဖိုမသင့်တော်ပါဘူး။ထပ်တိုးပြောချင်တာကတော့ ဒီစီးရီးဟာအဖော်အချွတ်ဆိုတာထက်ပိုတဲ့တွေးစရာရသတစ်ခုကို အမှန်တကယ် ပေးစွမ်းနိုင်မှာဖြစ်တာကြောင့်အချိန်ပေးကြည့်ရတာတန်ပါလိမ့်မယ်လို ညွှန်းဆိုလိုက်ပါရစေ။