Deadpan Humor တွေနဲ့ တစ်မိုးအောက် Cunk ပြန်လာပါပြီ။ ဒီတစ်ခေါက် သူ့ရဲ့စက်ကွင်းကို မိသွားတာကတော့ ရုပ်ရှင်လောကပါ။ ကနဦးအစကနေ အခုလက်ရှိ AI ခေတ်အထိ ရုပ်ရှင်လောကရဲ့ သမိုင်းကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ကပေါက်တိကပေါက်ချာ မဆီမဆိုင်တွေကို ရုပ်တည်ကြီးနဲ့ မေးပြီး မင်းသား Benedict Cumberbatch၊ ဒါရိုက်တာ Michael Bay၊ Film critics Mark Kermode၊ စာရေးဆရာမ Sarah Churchwell အပါအဝင် တခြားသော ရုပ်ရှင်လောကသားတွေကို rage bait ထားတာ မြင်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်း Documentary တစ်ခုလို ဗဟုသုတအများကြီးရဖို့ထက် ရုပ်ရှင်လောကကို အရွဲ့တိုက်ထားတဲ့ British Humor ကို ခံစားချင်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်တဲ့ Series တစ်ခုပါ။