Angels Fall Sometimes FHD

Angels Fall Sometimes

Drama FHD 2024

Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin Tuo က ‌ရောဂါကသူ့ဘဝကို ဘယ်လောက်ပဲ အညွန့်တုံးသွားပါစေ သူကတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။ဒီလိုရောဂါဖြစ်နေတဲ့ Lin Tuo တစ်ယောက် ကံကြမ္မာကိုအလျော့မပေးဘဲဘယ်လိုရှေ့ဆက်သွားမလဲ ? ချစ်သူလေးကရော သူ့ကိုဘယ်လိုအဖော်ပြုပေးမလဲဒါမှမဟုတ် နှစ်ယောက်ကြားက တည်ဆောက်ထားတဲ့အချစ်တွေကရေတည်မြဲနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင့် ။ စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော် ။