FHD
The Escape of the Seven: Resurrection
အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan Group ရဲ့ပြယုဂ်ဖြစ်လာဖို့ကြိုးစားဆောင်ရွက်နေတယ်။လူခုနှစ်ယောက်ကလည်း အဆုံးသတ်ပြီးပြီးဖြစ်တဲ့ လက်စားချေကစားပွဲကိုနောက်တစ်ခေါက်ပြန်ဆော့ဖို့အုပ်စုပြန်ဖွဲ့လာကြတယ်။တစ်ချို့ကလက်စားချေမှုမှာဝင်မပါကြဘဲ တစ်ချို့ကအာဏာအတွက်လုပ်ကြပြီးတစ်ချို့ကဒီကစားပွဲအသစ်မှာသူတို့ရဲ့အစစ်အမှန်ရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားကြတယ်။အချင်းချင်း ဘယ်လိုလှည့်ဖျားသစ္စာဖောက်ပြီးတော့ အလိမ်အညာတွေရဲ့အဆုံးအသတ်ကနေ ဒီလူခုနှစ်ယောက်ရဲ့ကံကြမ္မာတွေကဘယ်လိုဖြစ်ကြမလဲ…Do Hyuk ရဲ့ လက်စားချေမှုကအောင်မြင်သွားမှာလား ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။