Love in Contract FHD

Love in Contract

Comedy Drama FHD 2022

အားလုံးရဲ့အချစ်တော် အတွင်းရေးမှူးမလေးအဖြစ် လူသိများကြတဲ့ Park Min Young ရဲ့ ထူးထူးခြားခြား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Park Min Young ကတော့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ character တွေကိုသရုပ်ဆောင်နေကျအတိုင်းပဲ ဒီကားလေးမှာလည်း Single ဘဝကိုပြီးပြည့်စုံစွာ ဖြတ်သန်းချင်သူတွေအတွက် Partner အဖြစ်ဝန်ဆောင်မှုပေးတဲ့ ထူးခြားထက်မြက်တဲ့ character (Choi Sang Eun)အဖြစ် သရုပ်ဆောင်သွားမှာပါ။လောကကြီးမှာ ရှင်သန်ရင်းနဲ့ “ဇနီးသည်” တစ်ယောက် လိုအပ်တဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်တဲ့။ ပြောရရင် ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲတွေ၊အိမ်ထောင်သည်သူငယ်ချင်းတွေ ‌တွေ့ဆုံပွဲလုပ်တဲ့အခါမျိုးတွေမှာပေါ့။အဲဒါကိုသိတဲ့ Choi Sang Eun က Partner အဖြစ် service ပေးတဲ့အလုပ်ကိုစလုပ်လိုက်ပြီးတော့ client တွေနဲ့ စာချုပ်ချုပ်ဆိုပါတယ်။အဲဒီထဲကမှ တစ်ခုက Jung Ji Ho နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုပြီးအပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ service ပေးရမှာ ဖြစ်ပါတယ်။နောက်တော့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Kang Hae Jin က client အသစ်အဖြစ်ရောက်လာပြီး အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေမှာ partner အဖြစ်ဝန်ဆောင်မှု ပေးရမှာပါ။ အဲဒီလိုနဲ့ အလုပ်တွဲလုပ်ရင်း သုံးယောက်ကြားlove triangle လေးတွေ ဖြစ်လာမလားဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။