ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာတွေပဲ အမြဲကြုံနေရလား၊ကိုယ်ကြံစည်ထားသမျှ အမြဲလွဲချော်နေလား၊ဒါဆိုရင်တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေကသင်တို့ကို ခပ်ထေ့ထေ့လေးကြည့်ပြီး ရယ်နေပါလိမ့်မယ်၊ဘာကြောင့်လဲဆိုရင် သူတို့တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီးတစ်ကားလုံးက အရယ်သန်သူဆိုခွက်ထိုးခွက်လန်ရယ်၊အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်အောင်ဖြစ်စေခဲ့တဲ့နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်ပေးလိုက်ပါပြီ“ဂင်ချားနား” တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင်အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာစိတ်ပင်ပန်းစရာတွေ၊ စိတ်ဓါတ်ကျစရာတွေများနေတဲ့ခုလိုအချိန်မှာ စိတ်အပန်းဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်မောပစ်ဖို့အကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ …..ရည်မှန်းချက်ကို မိုးထိအောင်ကြီးတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun)မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့စာရေးဆရာပိုးထနေတဲ့ Doo Sik ( Son Seung Won) တို့ဟာကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာWaikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာလေးဖွင့်ကာအဲ့ဒီကအမြတ်အစွန်းတွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး“လာသွားမယ် ဟောလိဝုဒ်“အိပ်မက်ကို အကောင်အထည်ဖော်ချင်ကြတာပါဒါပေမဲ့လည်း ကံဆိုးမနောက် လိုက်တဲ့မိုးသာ ခမ်းသွားမှာပါသူတို့ရဲ့ တည်းခိုခန်းလေးကတော့ ဧည့်သည်မလာသလိုသူတို့ရဲ့ မဟာရည်မှန်းချက်ကြီးကလည်း ပျောက်လုဆဲဆဲပါပဲ၊အဲ့ဒီအချိန်မှာ သူတို့ရဲ့ဧည့်ရိပ်မြုံလေးကို Yoon Ah (Jung In Sun) လို့ခေါ်တဲ့တစ်ကိုယ်တော်မိခင်တစ်ယောက် ထူးထူးဆန်းဆန်း ရောက်ရှိလာတဲ့အခါအစကတည်းကလွဲနေတဲ့ဘဝတွေက ဘယ်လောက်ထိဆက်ပြီးလွဲချော်ကြဦးမလဲဆိုတာကိုအပိုင်းတိုင်းမှာ အစအဆုံး ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုခံစားရမှာပါ။