ဆွဲဆောင်မှုအားကောင်းပြီး အလုပ်မှာလည်း ထက်ထက်မြက်မြက်နဲ့ အဖေ့ခြေရာကိုတစ်ထေရာတည်းနင်းနိုင်တဲ့ အမှုစစ်နိုဂျီအု….ငယ်စဥ်အခါက တိုက်ကွမ်ဒိုခါးပတ်နက်ရခဲ့ပေမယ့် အဖေ့လို မတရားခံရတဲ့လူတွေကိုကူညီပေးချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာခဲ့တဲ့ အွန်ဘုံဟီး…တစ်ရက်မှာတော့ လူသတ်သမားက အွန်ဘုံဟီးကိုသတ်ဖို့လာခဲ့ရာကနေ လူမှားပြီးအွန်ဘုံဟီးရဲ့ချစ်သူကို သတ်မိသွားပါတယ်။အပြင်ကပြန်လာတဲ့ ဘုံဟီးတစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်မှာပဲသူ့ချစ်သူဟောင်းကိုသတ်တဲ့ တရားခံအဖြစ်စွဲချက်တင်ခံလိုက်ရပါတော့တယ်။အမှုစစ်နိုဂျီအုတစ်ယောက် ဘုံဟီးအတွက်နဲ့ ဝတ်ရုံချွတ်လိုက်ရပြီးရှေ့နေဖြစ်သွားတဲ့နောက် ကွင်းဆက်လူသတ်မှုကြီးက တစ်ကျော့ပြန်လာတဲ့အခါမှာတော့ဘုံဟီးနဲ့ဂျီအုတို့ တရားခံအစစ်ကိုဘယ်လိုရှာကြမလဲ….သူတို့ကြားထဲကအချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသောဟာသအလွဲလေးတွေကိုပါ ကြည့်ရှုရဦးမှာပါ။