လမ်းဘေးမှာ ခေါက်ဆွဲလုပ်ရောင်းရင်း ဘဝကိုရုန်းကန်အသက်မွေးမှုပြုနေရတဲ့ -ကျန်းဖျင် လူတွေဟာ မမှီတဲ့အသီးကိုမှဆွတ်ချင်ကြတယ်ဆိုသလို ကျန်းဖျင်ဟာ ကိစ္စတစ်ခုကို အခြေခံသဘောတရားကနေ အမှုတစ်ခုလုံး လုံးလုံးလျားလျားပေါ်အောင် ဖော်ထုတ်နိုင်စွမ်းရှိသည့်အလျောက် ရုံးတော်ရဲ့အရေးအခင်းတွေကိုလည်း စိတ်ဝင်စားနေပြန်ပါတယ်။ နန်းတွင်းဌာနမှ ရုပ်ရည်ချောမောမှုနဲ့ ဂုဏ်သတင်းပြန့်ပြီး အများမသိအောင် ဇာတ်ကြောင်းတစ်ခုကို ဖုံးကွယ်ထားတဲ့ ဒုအမတ်မင်းအပြင် ကျန်းဖျင်ရဲ့သွေးသောက်ညီနောင်အသွင်ဝန်းရံမဲ့” လန်ကျွယ်” -နန်းတွင်းမှုခင်းတွေကို စူးစမ်းလိုတဲ့ကျန်းဖျင်နဲ့ အမတ်လန်ကျွယ်တိုနှစ်ဦး ပူးပေါင်းလိုက်တဲ့အခါ အမှန်တရားနဲ့တရားမျှတမှုက…. တစ်လှေတည်းစီးသမားတွေအဖြစ် ဆက်ထိန်းထားနိုင်မလား လန်ကျွယ်ဖုံးကွယ်ထားတဲ့ ဇာတ်ကြောင်းကိုလည်း ကျန်းဖျင်တစ်ယောက် သိရှိသွားလေမလား။ နန်းတွင်းမှာရော မည်သည့်လျှိဝှက်ချက်တွေရှိနေဦးမလဲ အဆုံးသတ်ကရော….