Police University FHD

Police University

သုံးယောက်စလုံးက တကယ့်နာမည်ကြီးတွေပဲဆိုတော့အားလုံး ကြည့်ရကျိုးနပ်မှာ အသေအချာပါပဲဒါဆို ဇာတ်လမ်းအကျဉ်းချုပ်လေး ပြောရင်း စလိုက်ကြတာပေါ့Yoo Dong Man ကစုံထောက်တစ်ဦးဖြစ်ပြီးတော့ ရဲဌာနပေါင်းစုံမှာအနှစ်နှစ်ဆယ်လောက် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သူပါဘယ်လို ရဲဌာနမျိုးစုံလဲဆိုရင် အကြမ်းဖက်မှုခင်းဌာန ဆိုက်ဘာမှုခင်းဌာနသူမလုပ်ဖူးတဲ့ဌာနက လုံးဝ မရှိသလောက်ပါပဲဒါပေမယ့် သူရဲ့အကျင့်ဆိုးလေးကတော့ စိတ်လိုက်မာန်ပါလုပ်တတ်တာဖြစ်ပြီးအဲ့ဒီအချက်ကြောင့်ဘဲ သူဟာ အမြဲတမ်း ပြသာနာတက်ရပါတယ်အဲ့လိုနဲ့ ဒေါသအိုး Yoo Dong Man တစ်ယောက်ရဲတက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်အဖြစ်နဲ့တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျလာတဲ့အခါ….ရဲတက္ကသိုလ်ဆိုတာ လူငယ်အတော်များများ ဝင်ခွင့်ရချင်တဲ့တက္ကသိုလ်ဖြစ်ပြီးတော့အဲ့ဒီမှာတက်ရဖို့ကလည်း Oh Kang Heeရဲ့ အိမ်မက်တစ်ခုပါရဲ​မေ​​လောင်း​လေး Oh Kang Hee ကို တစ်ဖက်သတ်ကြိုက်နေတာက​တော့Hacker တစ်​ယောက်ဖြစ်တဲ့ Kang Su Ho ပေါ့ပြစ်မှုမှတ်တမ်းရှိထားတဲ့ ဟက်ကာဆို​တော့ crush လေးနဲ့ အ​ခြေ​အ​နေက မိုးနဲ့​မြေလိုကွာခြား​နေပါတယ်ဒါပေမယ့် ဒါကို Kang Su Ho က လက်မခံပါဘူးချစ်ရသူနဲ့နီးစပ်ခွင့်ရဖို့ သူကိုယ်တိုင် ရဲတက္ကသိုလ် တက်ခွင့်ရ​အောင် ကြိုစားပါ​တော့တယ်တက္ကသိုလ်ဝင်ခွင့်ရအောင် ဘယ်လိုအကြံဖန်တွေလုပ်ပြီး အောင်မြင်အောင်လုပ်မလဲ….တက္ကသိုလ်မှာ ဘယ်လိုအလွဲ​တွေကြုံရဦးမှာလဲသူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကကော ဘယ်လိုဆက်ဖြစ်မလဲ….ဇာတ်ကားနာမည်လေးအတိုင်းပဲ ရဲတက္ကသိုလ်မှာ ဖြစ်ပျက်မယ့် စိတ်ဝင်စားစရာကောင်းတဲ့အရာ​တွေကို ဟာသ​​လေး​နှောပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်